1 d - Translate

စမတ်ဖုန်းတွေထဲမှာ ထူးထူးခြားခြား ဒီဇိုင်းပုံစံတွေထုတ်တတ်တဲ့ဘရန်းကို လက်ညိုးထိုးပြပါဆိုရင် Nothing အကြောင်းပဲပြောရမှာပါ။ တမူထူးခြားပြီး သူများတွေနဲ့ ကွဲထွက်နေတဲ့ ဖုန်းကိုင်ချင်ရင်တော့ Nothing က ရွေးစရာတခုပါပဲ။
ဒီတခေါက်မှာလည်း CMF by Nothing ကနေ CMF Phone 2 Pro ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီဖုန်းက CMF ရဲ့ ပထမဆုံး Pro ဖုန်းဖြစ်ပြီး ဈေးကလည်း ဒေါ်လာ ၂၆၀ ဝန်းကျင်ခန့်သာ ကျသင့်မှာဖြစ်ပါတယ်။
ကင်မရာသုံးလုံးပါပြီး 50MP main, 50MP tele နဲ့ 8MP ultrawide တို့ ပါဝင်လာပါတယ်။ macro photography နဲ့ fisheye look အတွက် lens တွေလည်း သပ်သပ်ထပ်ဝယ်တပ်လို့ရပါသေးတယ်။
6.7 လက်မ 1080p 120hz ကိုမှ peak brightness 3000 nits အထိ support ပေးထားပြီးတော့ IP 54 လည်းထည့်ပေးထားပါတယ်။ Dimensity 7300 Pro ကို အသုံးပြုထားပြီး ဘက်ထရီ 5000 mAh နဲ့အတူ 33W fast charging စနစ် ပါလာပါတယ်။
ဖုန်းဒီဇိုင်း၊ ပါလာတဲ့ specs တွေနဲ့ ဈေးနဲ့က ပေးရတာ မဆိုးဘူးလို့ပြောလို့ရပါတယ်။

image