သတင်းတစ်ခုမှာ ကမ္ဘာ့အမြင့်ဆုံးတိုက်ကြီး Burj Khalifa ရဲ့ပိုင်ရှင် သူဌေးကြီးရဲ့ အုတ်ဂူပုံလေး တွေ့လိုက်မိတယ် ။
သူအသက်ရှင်စဥ်က ပိုက်ဆံတွေ ထားစရာနေရာကို မရှိလို့
ရှိသမျှ အသုံးအဆောင်တွေက အစ ရွှေချပြီး သုံးနေတဲ့
ဘီလီယံနာ သူဌေးကြီး ။ သေတော့လည်း ကားတစ်စီးတောင် ပါမှမသွားတာ ။
ချစ်လှပါချည်ရဲ့ဆိုတဲ့ မိသားစုတွေကော တပည့်တပန်းတွေကော ဘယ်သူမှ အတူတူလိုက်မသေကြပါဘူး ။
တစ်ယောက်တည်းပဲ အရှက်လုံရုံ အဝတ်အစားလေးနဲ့
မြေမြှုပ်ခံရတာပါပဲ ။
ကြည့်တတ်ရင် တရားရစရာပါ ။ တကယ်ကြီးကို ဘာမှယူသွားလို့မရတာ ။ သေရင်ပါသွားမှာက ကိုယ်ပြုခဲ့တဲ့
ကောင်းမှုတွေတဲ့ ။
ဟုတ်မဟုတ်က သေမှပဲသိမှာဆိုတော့ မှန်၊မမှန် ကျွန်တော်လည်း မပြောတတ်ဘူး ။ ကျွန်တော်တော့ နောက်ဘဝကို
သိပ်မတွေးဘူး ။
အခုဘဝ ကူညီနိုင်တာရှိရင် စိတ်ရှင်းရှင်းနဲ့ ကူညီမယ် ။ လှူနိုင်ရင် လှူပြီး ။ မလှူနိုင်ရင် ငြင်းမယ် ။ စီးပွားရှာမယ် ။
ကျန်းမာရေး လိုက်စားမယ် ။ ပျော်စရာရှိတာ ပျော်မယ် ။
မိမိကိုယ်ကို ချစ်မယ် ။ မိမိကိုယ်ကို ဂရုစိုက်မယ် ။
မိမိကိုယ်ကို စိတ်ချမ်းသာအောင် ထားမယ် ။ ဆိုးချင်ရင်လည်း သူများ မထိခိုက်အောင် ဆိုးမယ် ။
မယုတ်မာမိဖို့ရယ် ၊ ငွေကြေးကိစ္စ နာမည်ပျက်မပျက်ဖို့ရယ် ဆင်ခြင်မယ် ။ ကိုယ် မွဲခဲ့တဲ့ အတွေ့အကြုံတွေ ၊ မွဲနေတဲ့ကာလတွေကို ဘယ်လိုဖြတ်သန်းခဲ့လဲ ဆ်ိုတာတွေ ၊
မွဲနေတုန်းဆောင်ရန် ရှောင်ရန်လေးတွေကို သိသလောက်လေး Sharing လုပ်မယ် ။
အခုအချိန် ကြပ်တည်းခက်ခဲနေပြီး အဆင်မပြေလို့ အရှုံးပေးဖို့စဥ်းစားနေတဲ့လူတစ်ဦးဦး ဒီစာအုပ်ကို ဖတ်ဖြစ်လို့ အရှုံးမပေးတော့ရင် ဒီစာအုပ် ရေးရကျိုးနပ်ပြီ ။
ဘာပဲဖြစ်ဖြစ် အရှုံးမပေးဘဲ ဆက်လက်ရင်ဆိုင်ဖို့
တိုက်တွန်းချင်တယ် ။ ရွေးချယ်စရာ ဘာမှမရှိတော့ရင်
ဆက်ပြီးသန်မာဖို့ကိုပဲ ရွေးချယ်လိုက်ပါ ။
#hope #sint_nyi
