ကိုယ် နေတတ်သလိုနေပါ ။ ကိုယ် ဘယ်လိုပဲနေနေ ကိုယ့်ကို ချစ်တဲ့သူက ကောင်းကွက်ရှာပြီး ချီးမွမ်းမယ် ၊ ကိုယ့်ကိုမုန်းတဲ့သူက ဆိုးကွက်ရှာပြီး ကဲ့ရဲ့မယ် ။ ကိုယ့်ကို မချစ် ၊ မမုန်းတဲ့သူက ကောင်းကွက် ၊ ဆိုးကွက် မျှတစွာကြည့်ပြီး ချီးမွမ်းသင့်ရင် ချီးမွမ်းမယ် ၊ ကဲ့ရဲ့သင့်ရင် ကဲ့ရဲ့မယ်၊ ဒါက လူ့သဘာဝပဲ ။
ဒါကြောင့် ချီးမွမ်းခံရလို့လည်း သိပ်ဝမ်းမသာနဲ့ ။ ကဲ့ရဲ့ခံရ လို့လည်း သိပ်ဝမ်းနည်းပါနဲ့ ။ ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်းဆိုတာ လောကဓံရဲ့ ပုံမှန်ပြကွက်တွေမို့ နေရာတကာ လိုက်ခံစားနေဖို့ မလိုပါဘူး ။ ကိုယ် နေတတ်သလို နေပါ ။ အရေးကြီးတာ ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခမရောက်ဖို့ပါပဲ ။
#ပျော်ရွှင်မှုကိုကိုယ်တိုင်ဖန်တီးပါ #မောင်ဘုန်း (သပြု)

image