2 d - Translate

Website မှာ ကိုယ့်ဘာသာ စိတ်ကြိုက်ဆင်နေတာနဲ့တင် မိုက်နေပြီ 🫠
.
တနေ့တုန်းက Slate Auto ကနေ US စျေးကွက်မှာ တော်တော်လေးကို ထူးခြားတဲ့ Concept နဲ့ Slate EV Truck ကို မိတ်ဆက်သွားပါတယ်။ ဒီ Slate Auto ဆိုတာ တစ်ခါမှ ကားမထုတ်ဖူးတဲ့ကုမ္ပဏီအသစ်ဆိုပေမယ့် ဘာလို့ လူစိတ်ဝင်စားကြလဲဆိုတော့ Concept အသစ်အပြင် Amazon CEO & Founder - Jeff Bezos ကနေ အဓိကရှယ်ယာရှင်အဖြစ် နောက်ကွယ်က ကျောထောက်နောက်ခံပေးထားတဲ့ ကုမ္ပဏီဖြစ်နေတာကြောင့်လည်းပါတယ်။
အရင်ဆုံး ဒီ Slate EV Truck ကို လာမယ့် ၂၀၂၆ မှ စထုတ်မယ်၊ 2027 Model လို့ဆိုထားတယ် - ရောင်းမယ့်စျေးက USD 20,000 အောက်နဲ့ အခွန်အပြီး စရောင်းမယ်ဆိုပြီး ဆိုထားတယ်။ ဆိုတော့ စရောင်းတဲ့စျေးက Tesla Model Y လိုမျိုး US မှာ စျေးသက်သာတဲ့ EV ထက်တောင် တစ်ဝက်မက သက်သာနေတယ်။​
ဒါပေမယ့် ဒီ Slate EV Truck ကို Base Model ပဲ ဝယ်မယ်ဆိုရင် ကားက လုံးဝ "Blank *Slate* Truck" အနေနဲ့ပဲ ရမယ်။ အဓိပ္ပါယ်က ဒီ Slate EV က ဆေးမှုတ်ထားတာမျိုးမပါဘူး၊ ကားကိုယ်ထည်က Slate Auto က ပြောသလိုဆိုရင် "Injection Molded Polypropylene Composite Material” နဲ့လုပ်ထားတယ် - ဒါက အလွယ်ပြောရင် Plastic - ကော် Body ပဲ၊ Slate Auto ကတော့ ပိုအကြမ်းခံမယ်၊ ခြစ်ရာစင်းရာသိပ်မထင်ဘူး - အရောင်ကတော့ ခဲရောင်ပဲရမယ်၊ ပြီးတော့ ကားအတွင်းခန်းထဲမှာလည်း သီချင်းနားထောင်ဖို့ Infotainment Display အကြီးကြီးတွေလည်းမပါဘူး၊ Speaker တွေ၊ Radio တွေကအစ မပါဘူး။ သီချင်းနားထောင်ချင်ရင် ကိုယ့်ဖုန်းနဲ့ Portable Bluetooth Speaker ကို ကားထဲထည့်ပြီး ကိုယ့်ဘာသာနားထောင်ဖို့ တင်တဲ့ခွက်လေးတစ်ခုပဲ ထည့်ပေးထားတယ်။ ကားက အရှေ့မှာ ၂ ယောက်ထိုင်လို့ရမယ်၊ နောက်က Truck ဆိုတော့ Pickup ပုံစ 5-feet Bed တစ်ခုပါမယ်။​ EV ဆိုပေမယ့် Range ကလည်း အရမ်းမများဘူး - တစ်ကြိမ်အားသွင်းလိုက်ရင် မိုင် ၁၅၀ အထိမောင်းလို့ရမယ်။ Horsepower ကတော့ 201Hp လောက်အထိ ထွက်ပြီး RWD Drivetrain ပဲ ဖြစ်မယ်။
ဒါက EV စျေးကွက်မှာ နောက်ပြန်ဆွဲနေသလိုဖြစ်ပေမယ့် ဒီ Slate EV Truck ရဲ့ အဓိက အားသာချက်က ကိုယ့်စိတ်ကြိုက်အကုန် Customized လုပ်လို့ရတာပါ။
နဂိုအတိုင်းက ၂ ယောက်စီး Pickup Truck ပဲဆိုပေမယ့် Body ပုံစံကို ၅ ယောက်စီး SUV ပုံစံတို့၊ Range Rover လို Fastback SUV ပုံစံပြောင်းလို့ရတယ်။ ဆေးမမှုတ်ထားပေမယ့် ကိုယ့်စိတ်ကြိုက်အရောင်၊ ပုံစံဒီဇိုင်းမျိုးစုံကို Color Wrapping လုပ်နိုင်မယ် - ဆေးမှုတ်ပေးမှာတော့မဟုတ်ဘူး၊ Slate Auto ကတော့ ဒီလို Wrapping ပဲ လုပ်ပေးတာက ပိုဖန်တီးနိုင်တဲ့အပြင် စျေးကလည်း $500 လောက်ပဲ ပိုပေးရုံပဲလို့ ဆိုထားတယ်။ ကားမီးပုံစံတွေ၊ အရှေ့အနောက်ဘန်ဘာတွေ၊ ပြီးတော့ ခေါင်မိုးမှာတင်တဲ့စင်တွေ၊ ကားဘီးအပိုကို အနောက်မှာတပ်လို့ရတာမျိုးတွေ၊ ကားဘီးပုံစံတွေ.. နောက်ဆုံး ကားတံခါးကိုပါ ဖြုတ်ချင်ဖြုတ်ထားလို့ရတာမျိုး တကယ်ကို ကိုယ့် Slate EV Truck က တခြား Slate EV Truck နဲ့ လုံးဝမတူအောင် Customized လုပ်လို့ရမှာပါ။​
အတွင်းပိုင်းမှာဆိုရင်လည်း ပုံမှန်က ဘာ Audio ၊ Speaker မှမပါပေမယ့် Speaker တွေကို ဘေးတံခါးမှာထည့်ချင်တာမျိုး၊ ဒါမှမဟုတ် Center Console အောက်မှာ Speaker ထည့်ပေးမယ်၊ Steering Wheel မှာလည်း Bluetooth Audio Control တွေထည့်တာမျိုး - Infortainment Display အကြီးကြီးမပါပေမယ့် လိုချင်ရင်ထည့်လို့ရမယ်။​ လုံးဝ စိတ်ကြိုက် Customize လုပ်တာကို အပြင်ပိုင်းရော၊​ အတွင်းပိုင်းပါ အကုန်လုပ်နိုင်တာက မိုက်တယ်။ Range ကိုလည်း မိုင် ၁၅၀ ကနေ မိုင် ၂၄၀ အထိ မောင်းလို့ရမယ့် Extended-Range Battery ကိုလည်း ထပ်ထည့်နိုင်မယ်ဆိုပဲ။
ဒါပေမယ့် လောလောဆယ်မှာ ဒီလိုမျိုး Customized လုပ်တာတွေက စျေးဘယ်လောက်ပိုပေးရမလဲတော့မသိသေးဘူး။ အခုတောင် $20,000 ဆိုတာကို Base Slate Truck ရမှာက တခြား Chinese EV တွေနဲ့ယှဥ်ရင် မတန်ဘူးပြောနေကြတာမျိုးလည်း ရှိနေပြီ။
ဘာပဲဖြစ်ဖြစ် Tesla လို Minimalist ဘက်မသွားပဲ ဆန့်ကျင့်ဘက် ကိုယ့်ဘာသာ ကြိုက်သလို DIY လုပ်၊ စိတ်ကြိုက် Customize လုပ် ဆိုပြီး ထုတ်ပြလိုက်တာဆိုတော့ တော်တော်လေးကို ထူးခြားတဲ့ Concept နဲ့ EV ပါ။

image