2 w - Translate

ကိုယ်တို့ဟာ မြစ်တစ်ခုတည်းက
စီးဆင်းခဲ့ရင်တောင်
အချိန်တန်တော့
ဘယ်ချိုးတဲ့သူက ဘယ်ချိုး
ညာချိုးတဲ့သူက ညာချိုး
ရှေ့သွားတဲ့သူက ဆက်သွား...
' ပင်လယ်မှာ ပြန်ဆုံမယ်' ဆိုတာ
ကိုယ်ညာတာပါ အချစ်ရယ်
ဆုံချင်မှလည်း ဆုံဖြစ်ကြမယ်၊
မဆုံဖြစ်ကြတဲ့အခါ
ပျော်ရွှင်မှုကို ရှာဖွေဖို့ မမေ့ခဲ့ပါနဲ့။
- မြတ်သန်း

image