မယုံဘဲ မနေသင့်
🙏🙏🙏🙏
ဘုရားသည် ....
အရာရာ သတိဖြင့်သာသုံး
စိတ်ကို စုရုံးလာခဲ့ပြီး ဖြစ်ခြင်းကြောင့်
ဘာမဆို အကုန်သိမြင်
သဗ္ဗညုတ ဥာဏ်ရှင်ဆိုသည်ကို
သင်မယုံဘဲ မနေသင့်။
အကျိုးမရှိဆို တား
အကျိုးရှိရာဆို ညွှန်ကြားဆိုသည်ကို
သင်မယုံဘဲ မနေသင့်။
တရားသည်လည်း ...
တစ်ချက်မှတ်လျှင် တစ်ချက်ပင်
ကိလေသာငြိမ်းဖြင့်ပင်
လူအများအား သံသရာခရီးခဲထဲမှ
ကယ်ထုတ်ပေးနေသည်ကို
သင်မယုံဘဲ မနေသင့်။
လူအများအား အပူသက်သာဆေး
တိုက်ကျွေးနေပါသည်ကို
သင်မယုံဘဲ မနေသင့်။
သံဃာသည်လည်း ...
ဆွမ်းတစ်ဇွန်း ဒါန ကပင်
လူဘဝ၊ နတ်ဘဝ အထိ တိုးပွားသည်ကို
သင်မယုံဘဲ မနေသင့်။
မကောင်းတွေ့ တား ကောင်းဟေ့ဆို
ညွှန်ကြားပေးနေပါသည်ကိုလည်း
သင်မယုံဘဲ မနေသင့်။။
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

image