စီးရီးအေလက်ကျန် ၅ပွဲပဲကျန်တော့တဲ့အချိန်မှာ ညက အင်တာတို့ အိမ်ကွင်းမှာ ရိုးမားကို ရှုံးသွားပါတယ်။ သူတို့နဲ့ အမှတ်တူနေတဲ့ နာပိုလီက တိုရီနိုကို ၂-၀နဲ့ အနိုင်ရခဲ့ပြီး အခုဆိုရင် အင်တာကို ၃မှတ်အသာစီးယူလိုက်ပါပြီ။ လက်ကျန် ၄ပွဲပဲကျန်တော့ပြီး အင်တာမီလန်တို့ ဖိအားတွေများသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
နာပိုလီအတွက် ၂ဂိုးစလုံးကို မက်တော်မီနေးက သွင်းပေးခဲ့တာပါ။ ရာသီကုန်ဆုံးဖို့ နိးလာချိန်မှာ သူ ဂိုးတွေဆက်တိုက်ရနေပြီး ဒီရာသီမှာ ၁၁ ဂိုးအထိ သွင်းပေးထားပြီးပါပြီ။ နာပိုလီကွင်းလယ်ရဲ့ အဓိကကစားသမားဖြစ်နေကာ အချိန်ကိုက်ပဲ သူကခြေစွမ်းပြနေတာပါ။ အသင်းကို အမှတ်ပေးဖလားရယူပေးနိုင်ဖို့ပါ သူ ကူညီပေးနေပါတယ်။
အင်တာကလည်း မထင်မှတ်ဘဲ ခြေချော်နေပြီး နာပိုလီက အခွင့်အရေးကို အပြည့်အ၀ယူသွားခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် စီးရီးအေဖလားကို နာပိုလီတို့ ရယူနိုင်ခဲ့ပြီးနောက် အခုတခါ ကွန်တီလက်အောက် နောက်တကြိမ် ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။
