ရှင်ပြုရန်အခက်အခဲရှိတဲ့ ရှင်အပါး ၂၈ ပါးကို ရှင်ပြုပေးခဲ့ကြတဲ့ ဗြောသံအဖွဲ့သားများ 🙏🙏🙏
ဗြောသံရုပ်ရှင်အဖွဲ့သားများပါဝင်တဲ့ ရှင်ပြုအလှူပွဲလေးဖြစ်ပါတယ်။ အဆိုပါ အလှူပွဲမှာ ရှင်အပါး ၂၈ ပါးပါဝင်ခဲ့ကြပြီး ထွန်းထွန်း၊ အေးသောင်း၊ နေဝင်း နဲ့ ခင်ဝင့်ဝါတို့လည်း ပါဝင်ခဲ့ကြပါတယ်။ သစ်တံခါးကျောင်းမှ လှိုင်သာယာရှိ ဝဇီရာရုပ်ရှင်ရုံတလျှောက် ရှင်လောင်းလှည့်လည်ခဲ့ကြတာပါ။
