တရုတ်နိုင်ငံက နျူကလီးယားစွမ်းအင်အသုံးပြုမှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သိုရောက်ရှိလာ”
**************************************
(နိုင်ငံတကာ) ဧပြီ ၂၈
တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုမှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိလာပြီ ဖြစ် ကြောင်း တရုတ်အစိုးရ၏ နျူကလီးယားစွမ်းအင်အာဏာပိုင်အဖွဲ့(CNEA)က ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိ တရုတ်နိုင်ငံမှ ပိုင်ဆိုင်ထားပြီး လုပ်ငန်းလည်ပတ်နေဆဲ၊ တည်ဆောက်နေဆဲနှင့် တည်ဆောက်ခွင့် ပြုထားသည့် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၁၀၂ လုံးရှိပြီး လည်ပတ်စွမ်းအား ကီလိုဝပ် ၁၁၃ သန်း ရှိသောကြောင့် နျူကလီးယားစွမ်းအင် အသုံးပြုနိုင်မှုပမာဏအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်းအဆင့်သို့ ပထမအကြိမ်ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိတည်ဆောက်လျက်ရှိသော နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အလုံးပေါင်း ၂၈ လုံးအထိရှိပြီး ထိုစက်ရုံများမှ ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားပမာဏ သည် ကီလိုဝပ် ၃၃ ဒသမ ၆၅ သန်းအထိရှိမည်ဖြစ်သည်။
ထို့ပြင် လက်ရှိ လည်ပတ်အသုံးပြုနေသော နျူကလီးယားစွမ်းအင်သုံး ဓာတ်အား ပေး စက်ရုံပေါင်း ၅၈ လုံးရှိပြီး စုစုပေါင်းလျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆၀ ဒသမ ၉၆ သန်းကို ထုတ်လုပ် ဖြန့်ဖြူး ပေးလျက် ရှိသည်။
ပြီးခဲ့သည့်နှစ်တွင် နိုင်ငံ၏စွမ်းအင်သုံးစွဲမှု ပမာဏစုစုပေါင်းအနက် ၄ ဒသမ ၇၂ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများမှ ရရှိခြင်းဖြစ်ကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။
