3 d - Translate

မေလမှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်
၂၀၂၅ ခုနှစ်၊ မိုးဦးကာလသည် မေလ (၁၆)ရက်မှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင် မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်သည်။
အနောက်တောင်မုတ်သုံလေသည် မေလ (၁၆) ရက်မှ (၂၀) ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ မေလ (၂၁) ရက်မှ (၂၅) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ မေလ (၂၆) ရက်မှ (၃၁) ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် ဇွန်လ (၁) ရက်မှ (၅) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ သို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်မည့်အပြင် ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း အသိပေးထားသည်။
မိုးရွာသွန်းမှု အခြေအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နှင့် ဘီးလင်း မြစ်တို့ တလျှောက်ရှိ မြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိကြောင်း ဖော်ပြထားသည်။

image