ကလောမြို့ရဲ့ အလှဆုံး မြင်ကွင်းကျယ် View ကိုပိုင်ဆိုင်ထားတဲ့ Vacation Home လေး တစ်ခု 🤗
Aria Kalaw Vacation Home
ကလောမြို့ထဲကနေ ၅မိနစ်အောက်သာဝေးပြီး ကလော နာရီစင်ကနေ ၂ မိနစ်သာ ဝေးတဲ့ ခြံအကျယ်ကြီးထဲက တောင်စောင်းလေးတခုပေါ်မှာ Scandinavian စတိုင် အိမ်လေး ၂ လုံး ဖြစ်ပါတယ်နော် 🤗
အထင်ကရမှိုင်းလုံးတောင်နဲ့ ကလောလွင်ပြင်တခုလုံးကို အပေါ်စီးကနေ ၁၈၀ဒီဂရီ မြင်ကွင်းနဲ့ ရာသီမရွှေး၊ ဘယ်အချိန်ကြည့်ကြည့် လှပတဲ့ မြင်ကွင်းကိုပိုင်ဆိုင်ထားတာမို့ ရှမ်းပြည်ရဲ့ အလှမြင်ကွင်းတွေက စိတ်ကျေနပ်စေမှာ အသေချာပဲဖြစ်ပါတယ်နော် 🌄
လှပတဲ့ရှုခင်းတွေကို အချိန်ပြည့်ခံစားနိုင်ဖို့ မှန်ပြတင်းတွေနဲ့ ဖန်တီးထားပြီး အပေါ်ထပ်မှာ အိမ်အပြည့်မဟုတ်ပဲ တဝက်ပဲ နေရာယူထားတာမို့ အသက်ရှုချောင်ပြီး ရှုခင်းတွေကို အိမ်တွင်းကနေ ခံစားနိုင်မှာ ဖြစ်ပါတယ်နော် 🌲🌻
အိမ်လေးတွေရဲ့ ရှေ့ပြင်ဖက်မှာရှိတဲ့ ရေကူးကန်အသေးလေးကနေပြီး ရေစိမ်ရင်း ရှမ်းပြည်ရဲ့ လှပတဲ့ လှပတဲ့ရှုခင်းတွေကို ခံစားနိုင်မှာ အသေချာပါပဲနော် ☺️
New Experience , New Photo Sport 😜
အိမ်လေးထဲမှာ ခေတ်မှီ ပစ္စည်းတွေနဲ့ အလှဆင်ထားပြီး သက်တောင့်သက်သာရှိစွာဖြင့် အေးချမ်းစွာ အနားယူနိုင်အောင် ဖန်တီးပေးထားပါတယ်နော် ☺️
အပေါ်ထပ်မှာ စာဖတ်နားနေဖို့နေရာ ၂ နေရာ အိပ်ခန်းက ရေချိုးခန်း/အိမ်သာတွဲရက်ဖြစ်ပြီး ရေချိုးကန်ပါရှိပါတယ်။ အပြင်ထွက်လို့ရတဲ့ Balcony လေးတခုပါရှိသေးတယ် ဆိုတော့ 📸
အိမ်တိုင်းမှာ ရေပူ/အေးစနစ်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ Microwave Oven၊ Gas မီးဖို၊ Kitchenware အစုံအလင်အပြင်၊ ဟင်းခပ်အမွှေးအကြိုင်အစုံ၊ ဆီဆန်ဆားငြုပ်ကြက်သွန်ထည့်ထားပေးပြီး၊ အလွယ်စားနိုင်ဖို့ ခေါက်ဆွဲခြောက်ထုတ်နဲ့ ကြက်ဥ တို့လည်း ထည့်ထားပေးပါတယ်နော် 😋
အခုထက်ပိုပြီး အသေးစိတ်သိချင်တယ် Booking တင်ချင်တယ် ဆိုရင်
☎️ 09 5022954 ကို Hello လေး သာလုပ်လိုက်ပါနော်


