ရေစက်ကြောင့်
တစ်ဦးနဲ့ တဦး
ဆုံဖြစ်ခဲ့ကြသလို ...
ရေစက် ကုန်သွားတော့လဲ
တစ်ဦးမဟုတ်လျှင်
တစ်ဦးက ခွဲခွာသွားခဲ့ပြန်တယ် ။
တွေ့ဆုံပေးခဲ့တဲ့
ရေစက်မှာလည် သက်တမ်းရှိတယ် ။
ကံသက်တမ်း ကုန်သွားတဲ့အခါ
ဘယ်သူမှ ဆွဲထားလို့ မရပြန်ဘူး ။
ဒါကြောင့် တွေ့ခွင့်
ဆုံခိုက်လေး အတွင်းမှာ
မာန်မာနတွေ ကင်းကွာလို့
တစ်ဦးနဲ့ တစ်ဦး ဖြူစင်သော
မေတ္တာဖြင့် နွေးထွေး ကြင်နာစွာ
ဆက်ဆံပေးပါ ။
နောက်တစ်ကြိမ် အခုလို
ပြန်ပြီး ဆုံနိုင်ဖို့ ဆိုတာဟာ ...
တကယ့်ကို မလွယ်ကူတော့
လို့ပါ ။
