စင်ကာပူ က မိုးရေစက်တွေကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်
===================================================
ရေအားလျှပ်စစ်ကို နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုလာကြတာ ဖြစ်ပြီး သိပ်မထူးဆန်းပါဘူး။ အခုတော့ စင်ကာပူမှ သုတေသနပညာရှင်တွေက မိုးရေစက်တွေကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။
ဒေါင်လိုက် Tube တစ်ခုထဲကို မိုးရေစက်တွေ ကျအောင် ခံယူထားပြီး ရေတွေဟာ Tube ထဲဝင်ရောက်လာတဲ့အခါမှာ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါတယ်။ ပညာရှင်တွေက အဲဒီကနေ ရတဲ့ လျှပ်စစ်ဓါတ်အားဟာ စက္ကန့် ၂၀ ကြာ LED မီးလုံး ၁၂ လုံးကို ပံ့ပိုးပေးနိုင်တယ်လို့ စမ်းသပ်ချက်အရ ပြောပါတယ်။
အဲဒီ စမ်းသပ်ချက်မှာ ၁၂ လက်မ ပိုလီမာ Tube ထဲကို မိုးရေတွေ ဝင်ရောက်အောင် ပြုလုပ်ထားပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ ရရှိတဲ့ လျှပ်စစ်ဓါတ်အားက ကျလာတဲ့ မိုးရေစက်တွေရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။
ပညာရှင်တွေက Tube ၂ ခုကို သုံးရင် လျှပ်စစ်စွမ်းအင် ၂ ဆ ပိုရတယ်လို့ ပြောပါတယ်။ အခုလို အလကားရတဲ့ မိုးရေစက်တွေကနေ ကမ္ဘာကြီးအတွက် များပြားတဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်ရင် တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ်။
