၅ မိနစ် အားသွင်းရင် ၃၂၀ မိုင် မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီကို ပြသလိုက်တဲ့ တရုတ်ရဲ့ CATL
==========================================================
တရုတ်ရဲ့ CATL က ၅ မိနစ်အားသွင်းရင် ၃၂၀ မိုင် မောင်းနှင်နိုင်တဲ့ Shenxing ဘက်ထရီ အသစ်ကို ကြေညာလိုက်ပြီး BYD ရဲ့ ၂၅၀ မိုင်နဲ့ Tesla ရဲ့ ၂၀၀ မိုင်ထက် ပိုကောင်းနေပါတယ်။
CATL ရဲ့ ဘက်ထရီဟာ ၁၅ မိနစ်အားသွင်းရင် ၈၀ ရာခိုင်နှုန်း ရရှိပြီး အလွန်အေးတဲ့ ရာသီဥတုမှာတောင် အရမ်းမြန်စွာ အားသွင်းပေးနိုင်ပါတယ်။
CATL က ဈေးနှုန်း ပိုမို သက်သာပြီး ပိုမို ဘေးကင်းတဲ့ ၃၁၀ မိုင် မောင်းနှင်နိုင်တဲ့ Naxtra Sodium-ion ဘက်ထရီကိုလည်း မိတ်ဆက်လိုက်ပါတယ်။ အလွန်ပြင်းထန်တဲ့ ရာသီဥတုမှာတောင် စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။
ကမ္ဘာ့ ထိပ်တန်း EV ဘက်ထရီ ထုတ်လုပ်တဲ့ CATL ဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ BYD ထက် ဘက်ထရီရောင်းအားဟာ CATL က ၂ ဆ ပိုများပါတယ်။
