3 d - Translate

🧠 ငွေကြေးကို ကိုင်တွယ်သုံးစွဲနေသူတိုင်း ဖတ်သင့်တဲ့
Financial Intelligence and Money Psychology
(ငွေကြေးဉာဏ်ရည် နှင့် ငွေကြေးစိတ်ပညာ)
ဒီစာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့
🧠၁) True Stories (ဖြစ်ရပ်မှန်များ)
ငွေကြေးစီမံခန့်ခွဲမှု အားနည်းခဲ့လို့ လုပ်ငန်းတွေ အဆင်မပြေဖြစ်ပြီး နောက်ပိုင်းမှ ငွေကြေးပိုင်းဆိုင်ရာတွေကို ပြန်လည်လေ့လာသင်ယူပြီး အဆင်ပြေလာခဲ့ကြတဲ့ ပြည်တွင်းပြည်ပ ဖြစ်ရပ်မှန် Story များအကြောင်း
🧠 ၂) Financial Intelligence (ငွေကြေးဉာဏ်ရည်)
Financial IQ (၅) ခု အကြောင်း
(Robert Kiyosaki ရေးတဲ့ Increase Your Financial IQ ကိုမှီငြမ်း)
🧠 ၃) Compound Growth (တိုးရင်းပေါင်း တိုးပွားမှု)
၁ လ ကို ၁ သိန်းစုရင် ၅ နှစ်နေရင် သိန်း ၆၀ ပဲ စု နိုင်ပေမယ့် တစ်လကို ၁ သိန်းစု ပြီး လစဉ် 3% တိုးရင်းပေါင်းနဲ့ တိုးပွားအောင် လုပ်နိုင်ရင် ၅ နှစ်ကြာတဲ့အခါ ၁၆၇ သိန်းအထိတောင် ဖြစ်နိုင်တဲ့ Compound Growth အကြောင်း
🧠 ၄) Planning for Financial Fitness
(ငွေကြေးခိုင်မာတောင့်တင်းဖို့အတွက် စီမံခြင်း)
🧠 ၅) Money Psychology (ငွေကြေးစိတ်ပညာ)
ကျွန်တော်တို့ Financial Decision (ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်) တွေကို အဓိက ပဲ့ကိုင်နေတာက Intelligence (စဉ်းစားတဲ့ အသိဉာဏ်) လို့ ထင်ရပေမယ့်၊ တကယ်တမ်းတော့ Emotion (ခံစားချက်)တွေက ပဲ့ကိုင် ထိန်းချုပ်နေကြတာပါ။
Financial EQ အတွက် ငွေကြေးဆိုင်ရာ စိတ်ပညာအကြောင်း
🧠 ၆) Happy Money (ပျော်ရွှင်သော ငွေကြေး)
ကျွန်တော်တို့ နေ့စဉ် သုံးစွဲနေတဲ့ ပိုက်ဆံတွေမှာ Energy (စွမ်းအင်)တွေ ရှိပါတယ်။ စိတ် မှာလည်း စွမ်းအင်ရှိပါတယ်။ ငွေကြေး စွမ်းအင်ကနေတဆင့် တခြား စွမ်းအင်တွေကို အဆင့်ဆင့် ကူးပြောင်းနိုင်စွမ်းရှိတယ်။ ငွေကြေး ကို ကိုင်တွယ်သုံးစွဲတဲ့ နေရာမှာ ကျွန်တော်တို့ပေးတဲ့ Energy စွမ်းအင် အပေါ်မူတည်ပြီး ငွေကြေးကနေ စွမ်းအင်ပြန်ပေးတာပါပဲ။
ငွေကြေးစွမ်းအင် နဲ့ ကျွန်တော်တို့ စိတ်ခံစားမှု နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ Happy Money အကြောင်း
(အရောင်းရဆုံးစာရင်းဝင် ဂျပန်နိုင်ငံက စာရေးဆရာရေးတဲ့ Happy Money စာအုပ်ကို မှီငြမ်း)
🧠 ၇) Protecting and Growing your Money
(ငွေကြေးကိုကာကွယ်ခြင်းနဲ့ တိုးပွားခြင်း)
🧠 ၈) Budgeting Your Money (ငွေကြေးစီမံခန့်ခွဲခြင်း)
🧠 ၉) Cryptocurrency (ခေတ်သစ်ငွေကြေးစနစ်)
ဥပဒေရဲ့အထက်မှာ အဖွဲ့အစည်းတစ်ခုရှိနေတဲ့ လူ့အသိုင်းအဝိုင်းမှာ နေရတာ အဆင်မပြေသလို၊ ငွေကြေးစနစ်ရဲ့ အထက်မှာ ငွေစက္ကူတွေ ရိုက်ထုတ်ခွင့် ချယ်လှယ်ခွင့် ရှိနေတဲ့ အဖွဲ့အစည်း ရှိနေတာဟာလည်း အဆင်မပြေပါဘူး။
ဒါကြောင့် ငွေကြေးနစ်ရဲ့ အထက်မှာ ဘယ်သူမှ ထိန်းချုပ်ချယ်လှယ်လို့ မရတဲ့ Bitcoin ဆိုတဲ့ Cryptocurrency တစ်မျိုးကို ၂၀၀၉ ခုနှစ်မှာ စတင်ဖန်တီးခဲ့ကြတယ်။
Cryptocurrency ဆိုတာဘာလဲ? ဘယ်လို အလုပ်လုပ်လဲ? ၂၀၁၁ မှာ $1 ပဲ ရှိတဲ့ Bitcoin ဟာ 2021 မှာ $65,000 ဘာကြောင့် ဖြစ်သွားရတာလဲ?
Cryptocurrency ရဲ့ အခွင့်အလမ်းတွေကို အသုံးချပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ Compound Growth နဲ့ တိုးပွားလာအောင် ဘယ်လို လုပ်မလဲ?
စတဲ့ Cryptocurrency အကြောင်း
စတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာက ငွေကြေးပညာရှင်၊ စိတ်ပညာရှင်တွေ ရေးသားထားတဲ့ ငွေကြေးဆိုင်ရာ ဗဟုသုတ၊ စိတ်ပညာ စာအုပ်ပေါင်းများစွာကို မှီငြမ်းပြီး Financial Intelligence and Money Psychology စာအုပ်မှာ မြန်မာမှုပြု ပြန်လည် ရေးသားထားပါတယ်။

image