3 ရက် - ဘာသာပြန်ပါ။

နေစကြာဝဠာ ရဲ့ ရတနာတစ်ပါးလို့တင်စားခေါ်ဝေါ်ကြတဲ့ Saturn ဂြိုလ်မှာ ထူးခြားတဲ့ ဂြိုလ်ပတ်ကွင်းတွေတည်ရှိနေတာအပြင် တစ်ခြားဂြိုလ်တွေထက်တစ်မူထူးခြား​နေတဲ့ အချက်တစ်ချက်ရှိပါတယ်။
ဒါကတော့ Saturn ဂြိုလ်မှာ ဂြိုလ်ရံလပေါင်း ၁၄၈ လုံးခန့် ရှိနေတာဖြစ်ပြီး နေစကြာဝဠာထဲက ဘယ်ဂြိုလ်ထက်မဆို များပြားတဲ့အရေအတွက်ဖြစ်ပါတယ်။
ဒါမယ့် မနေ့က အဲ့လိုများပြားနေတဲ့
Saturn ဂြိုလ်ရဲ့ဂြိုလ်ရံလ စာရင်းထဲကို International Astronomical Union ( IAU ) အဖွဲ့က အသစ်တွေ့ရှိလာတဲ့ နောက်ထပ် အရံလပေါင်း ၁၂၆ လုံး ထပ်မံပေါင်းထည့်လိုက်ပြီးစုစုပေါင်း ၂၇၅လုံးထိ အရေအတွက်ရှိသွားပါတယ်။ ဒါက Saturn ဂြိုလ်ကို solar system ရဲ့ လပိုင်ဆိုင်မှုအများဆုံးဂြိုလ်အနေနဲ့သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။
နှိုင်းယှဉ်ရရင် နေစကြာဝဠာရဲ့ အကြီးဆုံး Jupiter ဂြိုလ်မှာ အရံလ ၉၅ လုံးခန့်သာရှိတာမို့ ဒီပမာဏဟာ Jupiter ထက်တောင်သုံးဆခန့်များနေတာဖြစ်ပါတယ်။
Saturn ရဲ့ ဂြိုလ်ရံလအများစုဟာ ကမ္ဘာရဲ့လဝန်းလိုမျိုး လုံးဝိုင်းနေတာမဟုတ်ပဲ ပုံမှန်မဟုတ်တဲ့အသွင်အပြင်များနဲ့ ဖွဲ့စည်းထားတဲ့ Saturn ဂြိုလ်အနားကပ်လာမိပြီးပြန်မထွက်နိုင်တော့တဲ့ Asteroid ဥက္ကာပျံ အများစုသာဖြစ်ပါတယ်။
ဒီ အရံလများရဲ့ saturn ဂြိုလ်အပေါ်သက်ရောက်မှုများကိုလေ့လာခြင်းဟာ လူသားတွေရဲ့ solar system ရဲ့ planetary science အပေါ်နားလည်မှုကို ပိုမို သိရှိစေမှာလည်းဖြစ်ပါတယ်။
ပုံမှာ Cassini ဂြိုလ်တုကနေ ရိုက်ယူထားနိုင်ခဲ့တဲ့ Daphmis အရံလရဲ့ Saturn ရဲ့ ဂြိုလ်ပတ်ကွင်းတွေကို သက်ရောက်နေတဲ့ ဒြပ်ဆွဲအား လှိုင်း gravitational wave တွေကို မြင်ရတာဖြစ်ပါတယ်။

image