3 ရက် - ဘာသာပြန်ပါ။

အဒေါ်ဖြစ်သူနဲ့အတူ ၃ ရက်တာ တရားစခန်းဝင်ပြီး သုသာန်မှာ တရားနာခဲ့တဲ့ မေတိုးခိုင် 🙏🙏🙏

သရုပ်ဆောင် မေတိုးခိုင်က အဒေါ်ဖြစ်သူ အူဝဲရဲ့ အသက် ၄၈ နှစ်ပြည့်မွေးနေ့အတွက် ၁၈ မိုင်တောရဆရာတော်ရဲ့ကျောင်းမှာ တရားစခန်းလိုက်ဝင်ခဲ့တာဖြစ်ပါတယ်။ ၃ ရက်တာ တရားစခန်းမှာ တစ်သက်စာအတွက် အသိတရားပေါင်းများစွာရခဲ့တယ်လို့ မေတိုးခိုင်ကဆိုပါတယ်။ ဒါ့အပြင် သုသာန်မှာလည်း တရားနာခဲ့ပါသေးတယ်။ မေတိုးခိုင်တို့ တူဝရီးနှစ်ဦးဟာ အနုပညာလောကထဲ ရပ်တည်နေကြတဲ့ နာမည်ရ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။

image