3 d - Translate

"ကျွန်တော်က စီးပွားရေးအမှုဆောင်အရာရှိ Hunter Campbell ကို တောင်းဆိုလိုက်တယ်။ ကျွန်တော်နဲ့ Justin Gaethje ကို တတိယပွဲစီစဉ်ပေးဖို့ပါ။ ရလဒ်က ဝမ်း - ဝမ်းဖြစ်ထားတာမို့ တတိယပွဲထိုးချင်တယ်။ သူတို့မှာ တခြားအကြောင်းရှိလောက်ဦးမယ်။ Max Holloway ကို ကစားမလားတဲ့။ ဒါလည်း မိုက်တာပဲ။ ကျွန်တော် လက်ခံလိုက်တယ်။ နောက်ဆုံးဆုံကြတဲ့ပွဲမှာ ကျွန်တော်က Max Holloway ကို တော်တော်လေးစားသွားတယ်။ အကြီးအကဲတွေက ဘယ်လိုတွေးပြီး စီစဉ်သလဲ မပြောတတ်ပေမယ့် ကျွန်တော်က Max Holloway ကို သဘောကျပါတယ်"
"Ilia Topuria က လိုက်ဝိတ်တန်းကို တက်လာပြီဆိုတော့ ကျွန်တော်က Hunter Campbell ကို မက်ဆေ့လှမ်းပို့လိုက်တယ်။ ကျွန်တော်က Ilia Topuria ကို ကစားချင်တယ်လို့ တောင်းဆိုတော့ သူတို့က တည်မပေးပါဘူး။ Max Holloway ကိုပဲ ကစားပါတဲ့။ ဒါလည်း အဆင်ပြေပါတယ်"
နောက်ဆုံးပွဲမှာ Dustin Poirier က Justin Gaethje နဲ့ Ilia Topuria တို့ကို အရင်တောင်းဆိုတာပါ။ အကြီးအကဲတွေက Justin Gaethje နဲ့ Paddy Pimblett တို့ကို ရည်ရွယ်ထားပုံရတယ်။ တည်မပေးပြန်ဘူး။ နောက်ထပ်အကြောင်းရှိတယ်။ Dustin Poirier က စူပါစတားဆိုတော့ နောက်ဆုံးပွဲမှာ ခေါင်ပွဲထိုးရမှာပါ။
UFC 318 ပြိုင်ပွဲမှာ ခေါင်ပွဲဆိုတော့ Dustin Poirier နဲ့ Justin Gaethje တို့ကို တည်ပေးရင် ခါးပတ်ပွဲမဟုတ်ဘူး။ ခါးပတ်ပွဲဖြစ်အောင်လို့ Dustin Poirier နဲ့ Max Holloway တို့ကို တည်ပေးပုံရတယ်။ UFC PPV Event ကြီးမှာ ခေါင်ပွဲက ခါးပတ်ပွဲမဟုတ်ရင် လူစိတ်ဝင်စားဖို့မကောင်းဘူးလေ။ နောက်ဆုံးပွဲမှာ ပွဲအရှိန်မြင့်တက်အောင်လို့ ခါးပတ်လုပွဲလုပ်ပေးလိုက်တာပါ။
Max Holloway က BMF Champion လေ။ Dustin Poirier က စိန်ခေါ်သူဖြစ်လိမ့်မယ်။ UFC 318 ပြိုင်ပွဲမှာ BMF Title Fight ထည့်လိုက်ရင် ဘယ်လောက်မိုက်လဲ။ မွေးရပ်မြေ လူဝီစီယားနားပြည်နယ်မှာ Dustin Poirier ပရိသတ်တွေလည်း ခါးပတ်လုပွဲကို အားရပါးရကြည့်ရမယ်။ ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာဖြစ်အောင် ကြံဖန်ရတာပါ။ အကြီးအကဲလုပ်ရတာလည်း မလွယ်ပါဘူး။
"နောက်ဆုံးပွဲကို မွေးရပ်မြေမှာ ကစားပြီး အနားယူချင်တယ်လို့ တောင်းဆိုခဲ့တယ်။ အကြီးအကဲတွေက ဖြစ်အောင် စီစဉ်ပေးမယ်လို့ ကတိပေးထားတယ်။ သူတို့တွေဆိုရင် ပြိုင်ပွဲစုံအတွက် တစ်နှစ်စာလုံး ကြိုတင်စီစဉ်ထားတာတောင်မှ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပါ။ UFC အဖွဲ့အစည်းမှာ ကစားရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ဆန္ဒတွေလည်း ပြည့်ဝသွားပြီလေ"
ကြေးစားပထမပွဲမှာ Dustin Poirier က မွေးရပ်မြေ လူဝီစီယားနားပြည်နယ်မှာ ပွဲဦးထွက်ခဲ့တာပါ။ အဲဒါကြောင့်မို့ နောက်ဆုံးပွဲမှာ လူဝီစီယားနားပြည်နယ်မှာပဲ အနားယူမယ်လို့ တောင်းဆိုထားတာပါ။ လူဝီစီယားနားပြည်နယ် ပွဲမထိုးရတာ (၁၀) နှစ်လောက်ရှိပါပြီ။

image