မန္တလေးမှာ နောက်ဆက်တွဲငလျင်ထပ်လှုပ်
ငလျင်အားကို သိသိသာသာခံစားရပြီး ကြမ်းတယ်လို့ဆို
အင်အား ၇ ဒသမ ၇ အဆင့် အင်အားပြင်းငလျင်ကြီး လှုပ်ခဲ့တာ တစ်လပြည့်ဖို့ တစ်ရက်အလို ဒီကနေ့ ဧပြီ ၂၇ ရက်ညပိုင်း ၁၀ နာရီကျော်က အင်အား မဂ္ဂနီကျူ ၄ ဒသမ ၄ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု မန္တလေးမြို့မှာ ထပ်လှုပ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြင်းအားအဆင့် ၄ ဒသမ ၄ လို့ ငလျင်အင်အားတိုင်းတာရေး App တွေပြနေပေမဲ့ ငလျင်အားကအလွန်ပြင်းခဲ့ပြီး ဆွဲခါရမ်းလိုက်တယ်လို့ မန္တလေးမှာရောက်ရှိနေသူတချို့ ကပြောပါတယ်။
" အသံကြီး ဒုန်းဆိုအရင်ကြားရတာ၊ပြီးမှ ခုတင်ကြီးက ဘယ်ညာ ယမ်းခါလာတာ။အကုန်လမ်းပေါ်ကို ပြေးဆင်းကြရတယ်" လို့ မန္တလေးမြို့မှာရောက်ရှိနေသူ တစ်ဦးကပြောပါတယ်။
ငလျင်ကြမ်းလို့ ပြိုလုနီးအဆောက်အဦ တချို့ လုံးဝပြိုကျသွားတယ်လို့လည်း မီးသတ်ရဲ့ ကနဦး သတိပေးချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က ငလျင်ကြီးလှုပ်ခဲ့တဲ့ မန္တလေးမှာ တစ်လအတွင်း နောက်ဆက်တွဲငလျင်အကြိမ်ရေ ၂၀၀ နီးပါးလှုပ်ထားပါတယ်။
