Nice ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီတို့ ဒီရာသီလီဂူးရှုံးပွဲမရှိစံချိန် ပျက်သွားပါပြီ။ ရှုံးပွဲမရှိ အမှတ်ပေးချန်ပီယံဖြစ်လာမယ့် အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရလို့ သူတို့အတွက် ဒီပွဲအရှုံးက တော်တော်လေး နစ်နာပါတယ်။ လူစုံထုတ်ကစားခဲ့ပေမယ့် ပီအက်စ်ဂျီ ခြေစွမ်းကျသွားခဲ့ကာ မထင်မှတ်တဲ့ ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။
အာဆင်နယ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက်ပါ စိုးရိမ်စရာဖြစ်လာမှာပါ။ တကယ့်ပွဲနားနီးတော့မှ ရှုံးခဲ့တာမို့ စိတ်ဓါတ်ပိုင်းထိခိုက်သွားနိုင်ပါတယ်။ အရေးကြီးပွဲရှိနေပေမယ့် ဖလားရပြီးသား အမှတ်ပေးပွဲမှာ လူစုံထုတ်တာကိုကြည့်ရင် သူတို့ တကယ်ကစားခဲ့တယ်ဆိုတာ သိသာပါတယ်။
ဒါကိုမှ အရေးနိမ့်ခဲ့တာမို့ အာဆင်နယ်ကွင်းမှာဆို သူတို့လွယ်ပါ့မလားပဲ။ အင်းနရစ်အတွက်တော့ နည်းနည်းပိုအလုပ်ရှုပ်တော့မှာပါ။ အာဆင်နယ်ကို ရင်ဆိုင်ဖို့အတွက် ဒီထက်ပိုကောင်းအောင် သူ လုပ်ထား၊ ပြင်ဆင်ထားဖို့ လိုအပ်သွားပါပြီ။
