3 ရက် - ဘာသာပြန်ပါ။

ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘတ်ပီဟာ -

◼ ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ဂိုးသွင်း
◼စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဂိုးသွင်း
◼စပိန်ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဂိုးသွင်း

ဗိုလ်လုပွဲတိုင်းမှာ သူဂိုးတွေသွင်းနိင်ခဲ့ပါတယ်။ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဂိုးထပ်ရခဲ့ပြီး စံချိန်ကောင်းကို ထိန်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ဆုဖလားကိုတော့ သူ တလုံးတည်းသာရခဲ့ပြီး ဥရောပါစူပါဖလားဖြစ်ပါတယ်။ သူ့အတွက် ဒါက ကျေနပ်စရာတော့ ကောင်းနေမှာမဟုတ်ပါဘူး။

ရီးရဲလ်ကလည်း ဒီရာသီအဓိကဆုဖလားတွေ ရယူနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လာလီဂါက မျှော်လင့်ချက်ရှိသေးတယ်ဆိုပေမယ့် ဘာကာခြေချော်မှသာ ရယူနိုင်မှာပါ။ မလွယ်ပါဘူး။ ဘတ်ပီရဲ့ ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးရာသီကတော့ သွင်းဂိုးတွေရလို့ ကျေနပ်ရမှုနဲ့သာ အဆုံးသတ်တော့မှာပါ။

image