ရီးရဲလ်ရဲ့ တန်ပြန်တိုက်စစ်ကို ကူဘာဆီက ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်။ ဘောလုံးပါ အရယူနိုင်ခဲ့တာဖြစ်ပြီး ပီဒရီဆီကို ပို့ပေးနိုင်ခဲ့တယ်။ ပီဒရီကလည်း ကွင်းလယ်ကနေပဲ ညာခြမ်းက လာမယ်လ်ဆီကို တိတိကျကျကန်တင်ပေးခဲ့ပါတယ်။
ဒီနောက်မှာတော့ ယာမယ်လ်က ပီဒရီအတွက် ဂိုးဖန်တီးပေးခဲ့ပြီး အဖွင့်ဂိုးရသွားခဲ့ပါတယ်။ ကူဘာဆီက ၁၈ နှစ်၊ ယာမယ်လ်က ၁၇ နှစ်နဲ့ ပီဒရီက ၂၂နှစ်ပဲရှိသေးတာပါ။ ဘာကာလူငယ်ကြယ်ပွင့်တွေရဲ့ ပေါင်းစပ်မှုဟာ အချိန်တိုအတွင်းမှာပဲ ဂိုးတဂိုးရခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းကို မြင်ခဲ့ရတဲ့ အခိုက်အတန့်ပါ။
ရီးရဲလ်လိုအသင်းကို ဒီလူငယ်တွေနဲ့ပဲ ဘာကာက အကြိမ်ကြိမ်အနိုင်ယူခဲ့ပါတယ်။ ဆုဖလား ၂လုံးအထိ ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါကိုပါ ရယူနိုင်ဖို့က တော်တော်လေးအားသာနေပါပြီ။ ဒါဟာ ဘာကာအတွက် ခေတ်သစ်တခုအစပြုဖို့အတွက် ဖြစ်လာနေပြီလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
