3 ရက် - ဘာသာပြန်ပါ။

Xiaomi 15 Ultra ကို သွားစမ်းကိုင်ကြည့်သလောက် 👀
.
Two-tone design က ကင်မရာနဲ့တော်တော်လေးတူတယ်၊ ကိုင်ရတာ iPhone 15 Pro ထက်တော့ ပိုကြီး ပိုထူပေမယ့် Find X8 Pro တို့၊ vivo X200 Pro တို့နဲ့ယှဉ်ရင် သိမကွာလောက်ဘူး။
Two-tone က အမြင်ပိုလှပေမယ့် Silver နေရာက Glass က ကိုင်တော့ Texture သိပ်မကြိုက်မိ၊ Two-tone မမက်ရင် Black Color က ကင်မရာအနီပတ်နဲ့ပိုလှတယ် - မသိရင် Canon Full Frame Lens တွေမှာ အနီပတ်ပါသလိုပဲ 👀
ဘေးဘက် Frame တွေကတော့ သိပ်မထူးခြား၊ Camera Control လို Photography Kit မလိုပဲ Shutter ခလုတ်ပါရင် ပိုမိုက်လောက်တယ်။ ကိုင်ရတာလည်း Xiaomi 15 Ultra ထက် Xiaomi 15 ကတောင် ဘေးဘောင်တွေရော Hand Feeling ပါ ပိုကိုင်လို့ပိုကောင်းတယ်။
ကျန်တာတော့ ကင်မရာတော်တော်လေးကောင်းတယ်၊ Samsung HP9 100mm f2.6 Periscope Telephoto Camera စမ်းကြည့်တာ Native 100mm (4.3x) ပုံတွေ Natural Bokeh ကအစ မိုက်တယ်။ Photo မှာ Max Zoom 120x ရပေမယ့် Portrait မှာတော့ 6x Zoom အထိပဲရမယ်။
နောက်ပိုင်း Unit ရဖြစ်ရင်တော့ ကင်မရာသေချာစမ်းချင်သား 👀

image
image
image