🙏ဗုဒ္ဓဘုရား🙏အား ဗုဒ္ဓဖြစ်စဥ်ကဗျာများဖြင့် နေ့စဥ်နေ့တိုင်း ပူဇော်ပါမည်။
🙏 {၂၃၃} ပညာရှိမည်က အသုံးချနိုင်ကြ 🙏
ပညာရှိလေ ဆုံးဖြတ်နိုင်ပေ
အရေးကြီးကိစ္စ အထွေထွေ
အဂ္ဂသာဝက နှစ်ပါးကား
မေးဖြေဆုံးဖြတ် ပွဲတရား
ထိုစဥျအလီ လာဠုဒါယီ
နှစ်ပါးတို့သည် ငါတို့နှင့်မှီ
ပညာဆိုကား တတ်ကုန်သလား
နှုတ်ခမ်းကိုက်ကာ မထီမြင်ထား
တရားအပေါင်းတို့ သွေဖယ်သော်
မထေရ်ရှောင်ကာ ပြောကြသော်
ဘုန်းမြတ်ဘုရား အတိတ်ဆောင်ထား
ရှေး၌သည်လဲ မသိခဲ့စွ
ဗာရာဏသီ ြဗဟ္မဒတ်တည်
လောင်းတော်အမတ် ပညာရှိသည်
ကျိုးကြောင်းဆုံးမ ပေးလတ္တံ ့
နာခံလေတဲ့ မင်းြဗဟ္မဒတ်
ဘုရင့်သားတော် အရွယ်ရောက်သော်
ြဗဟ္မဒတ်ကြီး နတ်ရွာစံချော်
သားတော်လေးက ပါဒဉ္စလိ
လုံ့လဝီရိယ ညံ့ဖျင်း၏
အမတ်တို့စုဝေး တိုင်ပင်ကာ
သားတော်နန်းတင် ဆုံးဖြတ်ရှာ
အမတ်တို့ပြော မင်းသားချော
မှန်ကန်၏လော အဘယ်သို့ကော
ထိုစဥ်အခါ မင်းသားမှာ
နှုတ်ခမ်းကိုက်ကာ စကားမဆိုပါ
ပြန်၍မပြော နောက်တရက်လော
မေးစေပြောပါ ထပ်လုပ်ရော
နှုတ်ခမ်းကိုက်နေ အမြဲပေ
မည်သည့်စကား မဆိုသလေ
အမတ်တချို့ ပြောကုန်၏
ဤမင်းသားလေး ပညာမရှိ
အမတ်တို့က စုဝေးတောင်းပန်
ပညာရှိအမတ် နန်းတင်အမှန်
ဇာတ်တော်ဆုံးထား ထိုမင်းသား
လာဠုဒါယီ ဖြစ်ခဲ့ကား
အမတ်ကြီးက ငါဘုရား
ပညာဆိုသည် အသုံးချ 🙏
#သီတင်းသုံးကျောင်း ။ ဇေတဝန်ကျောင်း
#ဟောရသည့်အကြောင်းရင်း ။ အဂ္ဂသာဝက
နှစ်ပါးတို့အမေးအဖြေဆုံးဖြတ်ပေးသည်ကို လာဠုဒါယီမထေရ်က မိမိတို့နှင့် ပညာတူလေသလားဟူ၍ နှုတ်ခမ်းကိုက်ကာ မထီမဲ့မြင်လုပ်သည်ကို အကြောင်းပြု ဟောကြားလေခြင်း
🔸🔸{ #ပါဒဉ္စလိဇာတ်တော် } သည်
ဂေါတမ မြတ်စွာဘုရားရှင် နုစဥ်အခါက
#အမတ်ကြီး ဖြစ်ခဲ့သော (၄၉)ဘဝတို့တွင် ပါရမီဖြည့်ကျင့်ခဲ့သော ဇာတ်တော်ဖြစ်ခဲ့၏။🙏
#နံပါတ်{၂၃၄} " လိုချင်အမှန် မြတ်နိဗ္ဗာန် "
ခေါင်းစဥ်ဖြင့် { ကိံသုကောပမ ဇာတ်တော် }
ကိုယ်ပိုင်ရေးစပ်ကဗျာ နှင့်တရားလေးကို တင်ပေးပါမည် ခင်ဗျ။ 🙏
