DeepSeek ထက် ဈေးသက်သာတဲ့ AI နှစ်မျိုး Baidu ဖန်တီး
AI Model တွေ ဈေးချိုလာတာ DeepSeek ကျေးဇူးနဲ့ မကင်းဘူး။
အခုဆို AI Price war တွေ ဖြစ်လာပြီး သူ့ထက်ငါ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ AI Models သစ်တွေ ထွက်လာပါတယ်။ ဒီလှုပ်ခတ်မှုက တရုတ်ဈေးကွက်မှာ အရိုက်ခတ်ဆုံးလို့ ပြောနိုင်တယ်။
DeepSeek ကို တုပြီး Alibaba က DeepSeek -V3 ထက် သာတဲ့ စွမ်းရည်မြင့် Qwen2.5-Max AI ကို ထုတ်ခဲ့သလို အခု Baidu ကလည်း သူ့အရင်ဗားရှင်းတွေထက် ထက်ဝက်မက ဈေးသက်သာပြီး performance ပိုကောင်းတဲ့ Ernie chatbot သစ်တွေ ကြေညာသွားပါတယ်။
