Tesla တိုင်ပတ်နေချိန် နှစ်ဆမြတ်သွားတဲ့ BYD
ဘက်ထရီကုမ္ပဏီကနေ ကမ္ဘာ့အကြီးဆုံး EV ကားကုမ္ပဏီဖြစ်လာတဲ့ BYD ရဲ့ ကြီးပွားချက်က လက်လန်တယ်။
ပြီးခဲ့တဲ့နှစ်ထက် ဒီနှစ် အသားတင် ယွမ် ၉.၁၅ ဘီလျံ မြတ်တယ်။ ဒေါ်လာနဲ့ဆို ၁.၃ ဘီလျံပဲ။ ဒီအချိန် အီလွန်မတ်စ်ရဲ့ Tesla က မနှစ်ကထက် အခု သုံးလပတ် အမြတ်ငွေ ၇၀% ကျော် ကျသွားတယ်။ ဝင်ငွေ ဒေါ်လာ ၁၉.၃၄ ဘီလျံ ဆိုတာကလည်း မနှစ်ကနဲ့ ယှဉ်ရင် ၉% ထိခိုက်သွားတယ်။
ဒီအချိန်မှာ BYD ကတော့ မယုံနိုင်အောင် စီးပွားဖြစ်နေပါတယ်။ သုံးလပတ်ဝင်ငွေ ၃၆% တိုးပြီး ယွမ် ၁၇၀.၃၆ ဘီလျံ (ဒေါ်လာ ၂၃.၅၁ ဘီလျံ) ဝင်ပါတယ်။ ဝင်ငွေအနေနဲ့ မနှစ်က BYD ဝင်ငွေက ဒေါ်လာ ၁၀၇ ဘီလျံ ကျော်ပါတယ်။ Tesla က ၉၈ ဘီလျံပါ။
၂၀၂၅ ပထမသုံးလပတ်အတွက် BYD ရဲ့ လျှပ်စစ်နဲ့ plug-in hybrid ကားရောင်းအားက ၆၀% တိုးပြီး အစီးရေ ၁ သန်းနီးနီး ရောင်းခဲ့ရပါတယ်။ BYD က ထုတ်တဲ့ နည်းပညာတွေဆိုလည်း တော်တော့်ကို မိုက်ပါတယ်။ ပြီးခဲ့တဲ့လက ချပြသွားတဲ့ 1000kW အားသွင်း charger ဆို EV ကားတစ်စီးကို ၅ မိနစ်လောက် အားသွင်းတာနဲ့ မိုင် ၂၅၀ သွားနိုင်ပါတယ်။
ဒီနည်းပညာမျိုး Tesla က မထုတ်နိုင်သေးပါဘူး။ အခုနောက်ပိုင်း BYD က တရုတ်တင်မဟုတ်ဘဲ ဥရောပ ၊ မက္ကဆီကို နဲ့ တော်အမေရိကလို အဓိကဈေးကွက်တွေဘက် စီးပွားရေးချဲ့ထွင်နေတာ ဖြစ်လို့ BYD ကားရောင်းအားက ထပ်တက်လာနိုင်တယ်။
Tesla ကတော့ အီလွန်မတ်စ် နိုင်ငံရေးထဲ ဝင်ရှုပ်မိတာကြောင့် ဆန္ဒပြသပိတ်မှောက်ခံနေရပြီး ကားရောင်းအားတွေ ကျနေပါတယ်။
