5 d - Translate

ဒီကနေ့ပဲ Lexus ဘက်ကတော့ ၎င်းတို့ရဲ့ မျိုးဆက် (၈) ခုမြောက် all-new ES ကို Shanghai Motor Show မှာ တရားဝင် officially ချပြလိုက်ပါပြီ။ မနက်အိပ်ယာနိုးနိုးချင်း Google News လေးကောက်ကြည့်လိုက်ချိန်မှာပဲ ဒီသတင်းတွေ့တာနဲ့ ဝင်ဖတ်လိုက်မိတယ်ပေါ့။ ချက်ချင်းဆိုသလိုပဲ ပုံတွေကြည့်မိချိန်မှာ နည်းနည်းတော့နှာခေါင်းရှုံ့မိသွားတယ်။ "ဘာလဲကွာ Lexus" ဆိုပြီတော့တောင် စိတ်ထဲအတွေးဝင်မိသား။ ကိုယ်တိုင်က ကားဆို Sedans တွေကိုမှ သိပ်ရူးသွပ်တတ်သူဖြစ်နေတာကြောင့်လည်း ပါရင်ပါမယ်ပေါ့လေ။
ကျွန်တော့်အမြင်မှာတော့ ဒီ all-new ES မှာ understated elegance ဖြစ်တဲ့ DNA တစ်ခုပျောက်ဆုံးနေသလို ခံစားရတာအမှန်ပဲ။ ပြောရရင် Lexus ရဲ့ဟိတ်ဟန်ကိုက ကားအကြောင်းမသိတဲ့သူပင် ဒီကားကိုမြင်လိုက်တာနဲ့ ဒါဟာ Luxury ကားတစ်စီးပဲကွဆိုတဲ့ vibe မျိုး ပေးစွမ်းနေရမယ် မဟုတ်လား? ခုတော့ ဒီကောင့်ကြည့်ရတာ ဟိုးတုန်းက LF-ZC Concept ရဲ့ vibe တွေပဲရနေသလို ပြောရရင် RZ EV လို SUV မှာ ဒီလို design language နဲ့လာတာကို လက်ခံပေးနိုင်ပေမယ့် ES လို mid-size luxury sedan တစ်စီးမှာကျ လက်မခံနိုင်သေးဘူးလို့ပဲ ပြောချင်ပါရဲ့။
ကားရဲ့ဘော်ဒီက လိုအပ်တာထက် ပို smooth ဖြစ်နေတယ်လို့ မြင်မိသလို တစ်ခါတစ်ရံ Chinese EV တစ်စီးကိုကြည့်နေရသလိုပါပဲ။ အရင် 7th-gen ES ကိုပြန်ကြည့်မယ်ဆိုရင်တောင် spindle grille တွေ taillights တွေနဲ့ ဘော်ဒီကောက်ကြောင်းတွေက တကယ့် proper sedan တစ်စီးပီသစေတာ အမှန်ပဲ။
ဆိုတော့ ဒီ all-new ES မှာ Hybrid နဲ့ EV ဆိုပြီး Powertrain နှစ်မျိုးနဲ့လာပါမယ်။ ပြောချင်တာကတော့ Dual-Platform ဖြစ်သွားတယ်ပေါ့။ Lexus အတွက်တော့ "dual-platform" နဲ့လာတဲ့ ပထမဦးဆုံး mainstream မော်ဒယ်ဖြစ်ပေမယ့် BMW ဘက်မှာတွေ့ရတာတော့ အချိန်အတိုင်းအတာတစ်ခုရှိခဲ့ပါပြီ။ ( i4/4 Series, i5/5 Series, i7/7 Series ဒါတွေကို ဆိုလိုချင်တာပါ။ ) ကားရဲ့ wheelbase ကတော့ 3.1" လောက်ပိုရှည်လာတာမို့ LS နဲ့တောင် မတိမ်းမယိမ်းဖြစ်လာတယ်ဆိုပါတော့။ Sedan တစ်စီးအတွက် wheelbase ပိုရှည်လာတာကို သဘောကျပေမယ့် 7th-gen နဲ့ 8th-gen ES နှစ်စီးကို ထိပ်တိုက်ယှဥ်ကြည့်မယ်ဆိုရင် 8th-gen က ဘော်ဒီနည်းနည်းပိုမြင့်သွားတာကို တွေ့ရမှာပါ။ ဘာ့ကြောင့်လဲလို့မေးရင်တော့ ဘက်ထရီတွေကြောင့်ပါ။ ဒီကောင်တွေကို ကားရဲ့အောက်ဖက်ကြမ်းပြင်မှာနေရာပေးလိုက်ရတဲ့အခါ ကားရဲ့ "the whole silhouette" တစ်ခုလုံးကို အပေါ်ကိုထပ်မြှင့်ဖို့သာ ကျန်ပါတယ်။ ဒီလိုနဲ့ပဲ sleek sedan တစ်စီးရဲ့ Characteristic တစ်ခု ထပ်မံဆုံးရှုံးရပြန်ပြီး budget SUV တစ်စီးနဲ့တောင် အလားသဏ္ဍာန်တူသွားပါတယ်။
ဆက်လက်ပြီး ကျွန်တော်မကြိုက်ဆုံး အချက်ကိုပြောပါအုံးမယ်။ အဲ့တာကတော့ ကားရဲ့အတွင်းခန်း interior ပါ။ အရင် 7th-gen ES အပါအဝင် LS မော်ဒယ်တွေမှာပါ ကျွန်တော်တို့သိပ်သဘောကျခဲ့တာက ကိုင်ရပြုရ Grip ကောင်းကောင်း၊ thick ဖြစ်ဖြစ်၊ hand-stiched leather နဲ့ သိပ်ကိုမှ iconic ဖြစ်တဲ့ steering wheel ပါ။ ခု ဒီ 8th-gen ES အသစ်ရဲ့ အတွင်းခန်းကတော့ masterpiece တစ်ခုလို့ မခံစားရတော့သလို steering wheel ကလည်း လျှပ်တစ်ပြက်ကြည့်လိုက်ရင် Xiaomi SU7 ရဲ့ steering wheel နဲ့တောင် အတော့်ကိုဆင်ပါတယ်။ အလယ်မှာ Lexus Logo မပါတော့တာကလည်း အတော်လေးအပေါစားဆန်သွားသလားပေါ့။ ပြီးရင် Control လုပ်ရမယ့် ခလုတ်တွေအားလုံးကလည်း အရင်လို Physical Buttons တွေနဲ့သွားထားတာမျိုးမဟုတ်ဘဲ Touch Sensors တွေဖြစ်သွားတာရယ် Tesla နဲ့ အခြားတရုတ် EV တွေလို Infotainment Screen အကြီးကြီး ဖြစ်သွားတာတွေကပဲ ဒီ all-new ES ကို Timeless Japanese Luxury ကားတစ်စီးဆိုတာထက် mass-market tech demo ဘက်သွားတဲ့ vibe မျိုးရသွားစေတာ အမှန်ပါပဲ။
အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဒီကောင့်မှာ Hybrid နဲ့ EV ဆိုပြီး Powertrain နှစ်မျိုးနဲ့လာမှာဖြစ်ပြီး FWD နဲ့ AWD ဆိုပြီး ထပ်ရှိပါမယ်။ စိတ်မကောင်းစရာကတော့ အရင် 7th-gen မှာလို 3.5L V6 မရနိုင်တော့ပါဘူး။ ဒီအစား 2.5L 4-Cyl တစ်မျိုးတည်းသာလာမှာဖြစ်ပြီး FWD ယူချင်ယူ ဒါမှမဟုတ် အနောက်ဘက် rear axle ကမော်တာနဲ့အလုပ်လုပ်မယ့် AWD ယူရပါမယ်။ Prius တို့ Camry တို့ကလိုပေါ့။ မြင်းကောင်ရေကတော့ 225 Hp ထွက်မှာဖြစ်ပြီး e-AWD မှာတော့ 232 Hp ထွက်ပါမယ်။ EV ဗားရှင်းမှာတော့ ES350e နဲ့ ES500e ဆိုပြီး ဂရိတ်နှစ်မျိုးနဲ့လာမယ်လို့ သိရပါတယ်။ ES350e ကတော့ single-motor FWD နဲ့ဖြစ်ပြီး dual-motor AWD လိုချင်ရင်တော့ ES500e ကို ရွေးရပါမယ်။ Lexus ဘက်ကတော့ ဒီ EV Powertrain ရဲ့ Output တွေနဲ့ပတ်သက်ပြီး ဖော်ပြထားခြင်းမျိုးမရှိပေမယ့် ဂရိတ်ခွဲထားတဲ့နာမည်တွေနဲ့ ဆက်စပ်စဥ်းစားကြည့်ရင်တော့ RZ SUV (EV) နဲ့ share ကောင်း share လာနိုင်ပါတယ်။ အကယ်၍သာ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ ES350e မှာ 224 Hp နဲ့ ES500e မှာ 400 Hp ပတ်ချာလည်လောက် ထွက်နိုင်ပါလိမ့်မယ်။
အဆုံးသတ်ရရင်တော့ Lexus က ကနေ့ခေတ် market ရဲ့ trends တွေနောက်အမှီလိုက်ရင်း သူ့ကိုယ့်သူ Lexus မှန်းတောင် မေ့လျော့သွားပုံရပါတယ်။ old-money စတိုင်သဘောကျတဲ့ သူတစ်ယောက်ကိုသွားပြီး hypebeast cargo pants တွေ graphic tee တွေသွားဝတ်ခိုင်းလိုက်သလိုပဲ အခု all-new ES မှာလည်း Lexus ရဲ့ elegance ဖြစ်တဲ့ အငွေ့အသက်တွေ ပျောက်ဆုံးသွားတယ်လို့ ခံစားမိတယ်။

image