5 ရက် - ဘာသာပြန်ပါ။ - Facebook

လက်ရှိစျေးကွက်ထဲက နောက်ဆုံးပေါ် Defender တွေဆိုတာ Range Rover တစ်စီးအလား Luxury SUV ဆန်ဆန်နဲ့ နောက်ဆုံးပေါ် Tech တွေ အကုန်ပြစ်ထည့်၊ Digital Displays တွေ air suspension ဘာညာကွိကွတွေနဲ့ Instagram Reels တွေမှာ Flex ဖို့လောက်ဖြစ်လာခဲ့တာ သိပ်ဝမ်းနည်းဖို့ကောင်းတဲ့ဆိုပြီး ကျွန်တော်အမြဲလိုလိုပြောဖူးပါတယ်။ တကယ်တော့ Defender ရဲ့အမာခံချစ်သူတွေ လိုလားတာက Boxy ဖြစ်ဖြစ်၊ သိပ်ကိုမှခက်ထန်ကြမ်းတမ်းတဲ့ slab-sided ဘော်ဒီ၊ အပြားလိုက် flat windshields တွေနဲ့ Riveted Panels တွေဗျ။ Riveted Panels တွေဆိုတာ ဗမာလိုပြောရရင် ကားရဲ့ဘော်ဒီပေါ်မှာ panel ပြားတွေကိုတစ်ခုနဲ့တစ်ခု စို့ရိုက်ထားတာကို ပြောတာပါ။ မြင်သာအောင်ပြောရရင် custom builds တွေမှာတွေ့ရတဲ့ "bolt-on" စတိုင်ပါ။ ဒါတွေကပဲ Defender တစ်စီးရဲ့ aesthetic က military-inspired ပုံစံမျိုးပေါက်နေသလို ခက်ထန်ကြမ်းတမ်းနေခဲ့တာဆိုရင်လည်း မမှားဘူး။
ဒီလိုနဲ့ Classic Defender တွေရဲ့ နှလုံးသားတစ်စုံကို ကနေ့ခေတ်ရေစီးကြောင်းရဲ့ စားသုံးခြင်းခံလိုက်ရတဲ့အခါ ဗြိတိန်ဘီလီယံနာသူဌေးတစ်ယောက်ဖြစ်တဲ့ Sir Jim Ratcliffe_ဆာဂျင်မ် ရတ်ကလစ်ပ်ဖ်ရဲ့ Ineos Grenadier_အီနီယို့စ် ဂရန်နဒီယာက အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်။ "ငါတို့လိုချင်တဲ့ Defender ကို Land Rover ကမထုတ်ပေးရင်၊ ငါကိုယ်တိုင်ဖန်တီးယူမယ်" ဆိုတဲ့ Sir Jim ရဲ့အကြောင်းကို ကျွန်တော်အရင်ကပြောခဲ့ဖူးတာမို့ မဖတ်ရသေးရင် ဟောဒီလင့်ခ်ကနေတစ်ဆင့် သွားဖတ်နိုင်ပါတယ်။ 👉 https://www.facebook.com/share/p/1Bx92BVD92/
ဒါ့အပြင် Coachbuilders တွေဖြစ်တဲ့ ECD Automotive Design နဲ့ Ares Design တို့လို ကုမ္ပဏီကြီးတွေကပါ အသက်ငင်နေတဲ့ Classic Defender အဟောင်းတွေကို တစ်စတစ်စ restore လုပ်ရင်း အသက်ကယ်ဆေးထိုးပေးခဲ့ကြပါတယ်။ ဆေးကစွမ်းသလားတော့မမေးပါနဲ့၊ Classic Defender Restomod တွေရဲ့ fanbase သိပ်ကိုမှအားကောင်းတယ်ဆိုတာကို Land Rover ပင်လျှင် မျက်ကွယ်မပြုနိုင်တော့တဲ့အဆုံး factory-fresh Defenders တွေကိုအသက်သွင်းဖို့ Works Bespoke ဆိုပြီး ဖြစ်လာခဲ့ရတဲ့အထိပါပဲ။
အောက်ကပုံထဲမှာမြင်တွေ့ရတဲ့ အမိုးဖွင့် Soft Top နဲ့ Defender က Works Bespoke ဘက်ကနေ မနေ့ညကျပဲချပြလာခဲ့တဲ့ Restomod တစ်စီးပါ။ ထုံးစံအတိုင်းပဲ တစ်စီးလုံး nut တစ်လုံး၊ bolt တစ်လုံးကအစ hand-build ဖြစ်သလို လေးထောင့်စက်စက် ဘောနပ်အဖုံးအောက်မှာ လဲလျောင်းနေတာကတော့ 5.0L NA စစ်စစ် V8 အင်ဂျင်တစ်လုံးပါ။ စုစုပေါင်း Total Output ကတော့ @ 6,000 RPM မှာ 400 Hp ထွက်မှာဖြစ်ပြီး Torque ကတော့ 380 lb-ft ပါ။ ထုံးစံအတိုင်းပဲ 4WD နဲ့လာမှာဖြစ်သလို transmission ကိုတော့ 8-Speed ZF AT ပဲသုံးပေးထားပါတယ်။
ဆိုတော့ ကိုယ့်လူကပြောမယ်၊ "မင်းကားက Defender 90 ပေါ် အခြေခံထားတော့ wheelbase တိုတယ်မ​ကြိုက်ဘူး၊ ငါတို့က 110 လောက်လိုချင်တာ" ဘာညာပေါ့။ ဒီလိုဆိုလည်းမပူပါနဲ့ Works Bespoke ဘက်ကနေ ပြီးခဲ့တဲ့နှစ်ကတည်းက 110 ဘော်ဒီစတိုင် Classic Defender Restomod ကို ချပြခဲ့ပြီးပါပြီ။ ဒီအကြောင်းကိုလည်း ကျွန်တော်ရေးခဲ့ဖူးပြီးဖြစ်လို့ မဖတ်ရသေးရင် ဒီလင့်ကတစ်ဆင့်သွားဖတ်လို့ရပါအုံးမယ်။ 👉 https://www.facebook.com/share/p/1BSPNrc5Jv/
အဆုံးသတ်ရရင် ဒီကောင့်ရဲ့ MSRP က စတာလင်ပေါင် နှစ်သိန်းခွဲလောက်အထိ သွားနိုင်ပါတယ်။ ဒီနေ့ငွေစျေးအရကြည့်မယ်ဆိုရင်တော့ ဒါဟာ ဒေါ်လာနဲ့ဆို သုံးသိန်းကျော်နေပြီမို့ ပွင့်ပွင့်လင်းလင်းပြောရရင် Grenadier (၃) စီးလောက်ဝယ်လို့ရမယ့် အနေအထားတစ်ခုပါ။ မည်သို့ပင်ဆိုစေကာမူ Screen အကြီးကြီးတွေထည့်၊ မိတ်ကပ်အထပ်ထပ်နဲ့ ဇွတ် futuristic လုပ်နေကြတဲ့ ကားတွေပဲမြင်နေကြားနေရတော့ တစ်ခါတစ်ရံဒီလိုသတင်းလေးတွေက ကားချစ်သူတွေအတွက်တော့ Mechanical Oasis လေးတစ်ခုပါပဲ။
ဆိုတော့ အကယ်၍မိတ်ဆွေသာ ဟောဒီက စတာလင်ပေါင် နှစ်သိန်းခွဲတန် Classic Defender Restomod တစ်စီးဝယ်နိုင်ခဲ့မယ်ဆိုရင် Kenya ဘက်က Safari_ဆာဖာရီတွေဆီ ခရီးထွက်မလား? ဒါမှမဟုတ် Malibu_မာလီဘူး က Beach Club တစ်ခုခုရှေ့မှာပဲ ပါကင်ထိုးထားမလား? ကောမန့်မှာ ပြောသွားပါအုံး။