5 d - Translate

Perplexity က User data နဲ့ ကြော်ငြာရှာမယ့် Browser ဖန်တီးနေ
OpenAI က Chrome ကို ဝယ်ဖို့ ချောင်းနေချိန် နောက်ထပ် AI ကုမ္ပဏီတစ်ခုက Chrome ပုံစံ အသက်သွင်းချင်နေပါတယ်။
အဲ့ဒါကုမ္ပဏီက အိန္ဒိယနွယ်ဖွား အာရာဗင်း ဆရီနီဗက်စ်တည်ထောင်ထားတဲ့ Perplexity AI ပါ။
ဒီတစ်ပတ် TBPN podcast မှာ ဆရီနီဗက်စ်က သူ့ကုမ္ပဏီကနေ Comet ဆိုတဲ့ browser တစ်ခု ထုတ်မယ် ၊ ဒီ browser က သူ့ပေါ်မှာ လာသုံးသမျှ အချက်အလက်တွေ ယူပြီး customized လုပ်ထားတဲ့ ပရီမီယမ်ကြော်ငြာတွေ ရောင်းစားမယ်လို့ ပြောသွားပါတယ်။ Comet browser က Google ရဲ့ open-source browser base ဖြစ်တဲ့ Chromium ပေါ်မှာ တည်ဆောက်တာဖြစ်ပြီး လာမယ့် မေလထဲ ထွက်ဖို့ ရှိပါတယ်။
Comet ကို ဖန်တီးတာက အင်တာနက်ပေါ်က လူတွေရှာဖွေတာ ၊ ဈေးဝယ်ထွက်တာ ၊ ခရီးသွားတာ ၊ ဝက်ဘ်ဆိုက်ကြည့်တာ စတဲ့ user behaviours တွေ ယူချင်လို့ပါ။ Perplexity AI CEO က သူ့ app ပြင်ပက ဒေတာတောင် လိုချင်နေတာပါ။ သူကိုယ်တိုင်လည်း ဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။
ဒါက Google လုပ်တဲ့ ပုံစံမျိုးပါပဲ။ အင်တာနက်သုံးသူတွေရဲ့ အချက်အလက်တွေ ယူမယ် ၊ ပြီးရင် ပစ်မှတ်ထားတဲ့ ကြော်ငြာတွေ ရောင်းမယ်။ ဒီနည်းနဲ့ Google က ဒေါ်လာ ၂ ထရီလီယမ်လောက်တန်တဲ့ ကုမ္ပဏီကြီး ဖြစ်လာတာလို့ ပြောနိုင်ပါတယ်။

image