Galaxy S26 Series အတွက် One UI 8.5 ကို ပြင်ဆင်နေပြီ..
Samsung အနေနဲ့ One UI 8 ကို ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချီသွားမယ်လို့ မျှော်လင့်ရပြီး နောက်နှစ် Galaxy S26 Series နဲ့အတူ One UI 8.5 ကို ထည့်သွင်းလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ SammyPloice ကနေ Samsung ရဲ့ Software code မှာ One UI 8.5 ကို ရှာတွေ့ခဲ့ရာကနေ ဖော်ပြလာတာပဲဖြစ်ပါတယ်။
တစ်နေ့ကပဲ One UI 8 ကို မကြာခင်မြင်ရတော့မယ်လို့ ဖော်ပြထားရုံရှိသေး အခု Galaxy S26 Series အတွက် One UI 8.5 ကိုပါ ပြင်ဆင်နေပြီတဲ့။ ဒီကြားထဲမှာမှ One UI 7 ကို Update လုပ်လို့ရတဲ့ Device တွေက ထွက်လာတုန်းရှိသေး။ Samsung က အရမ်းကို active ဖြစ်နေတာလားမသိ။
လောလောဆယ်ရက်ပိုင်းမှာတောင် Device တော်တော်များများမှာ One UI 7 update ရကြောင်း ပြောတုန်းပဲရှိသေးပေမဲ့ လာမယ့် Galaxy Z Fold 7 နဲ့ Z Flip 7 မှာတော့ Android 16 အခြေခံထားတဲ့ One UI 8 တောင် ပါလာနိုင်ခြေများတယ်လို့ မျှော်လင့်နေကြတာပါ။
