ပါကစ္စတန်က အိန္ဒိယနိုင်ငံသားများအား ဗီဇာရပ်ဆိုး
******************
(နိုင်ငံတကာ) ဧပြီ ၂၅
ကက်စ်ရှ်မီးယားဒေသ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပါကစ္စတန်-အိန္ဒိယတို့ကြား တင်းမာမှုတွေမှု ပိုမိုမြင့်တက်လာပြီ ပါကစ္စတန်က အိန္ဒိယနိုင်ငံသားများအားတန်ပြန် ဗီဇာရပ်ဆိုင်းခဲ့သည်။
နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ဆွေးနွေးမှုရလဒ်အား တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အိန္ဒိယအစိုးရက ပါကစ္စတန်နိုင်ငံ၏ သံတမန်များအား မောင်းထုတ်ခဲ့ပြီး ပါကစ္စတန်ဗီဇာကိုင်ဆောင်ထားသူများအား ၄၈ နာရီအတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ပြီးနောက် ပါကစ္စတန်အစိုးရက ယခုလို တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံတင်းမာမှုမှတစ်ဆင့် လေပိုင်နက်များပါ ပိတ်ပစ်ခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်များ ရပ်တန့်နေကြောင်းသိရသည်။
ပါကစ္စတန်အစိုးရသည် အိန္ဒိယနိုင်ငံနှင့် ကုန်စည်စီးဆင်းမှုအားရပ်တန့်ခဲ့ပြီး အိန္ဒိယတွင် ပါကစ္စတန်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ကတ်ရှ်မီးယားဒေသ အကြမ်းဖက်တိုက်ခိုက်မှုနောက်ကွယ်မှ သံသယရှိသူ ၃ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ၂ဦးမှာ ပါကစ္စတန်ကဖြစ်ပြီး ၁ ဦးမှာ ကက်စ်ရှ်မီးယားဒေသခံဖြစ်ကာ သံသယရှိသူများမှာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ Laskkar-e-Tailba အဖွဲ့ဝင်များဖြစ်ကြောင်းသိရသည်။
