နေပြည်တော်ရှိ သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်မည့်နေရာများ
(၁) လှေခွင်းတောင် နှင့် ပေါင်းလောင်းဆိပ်ကမ်း
(၂) ဖိုးစောင်းတောင်နှင့် Mount Pleasant Hotel
(၃) ငလိုက်ဆည်ကမ်းခြေစခန်းနှင့် ငလိုက်ဆင်စခန်း
(၄) အဝေရာဆည် (ပေါင်းလောင်းဆည်)
(၅) ပေါင်းလောင်း ၁၅ ထပ်ကွေ့(တိမ်ပင်လယ်) နှင့် လိန့်လီကြိုးတံတား
(၁)လှေခွင်းတောင်နှင့် ပေါင်းလောင်းဆိပ်ကမ်း
လှေခွင်းတောင် ဆိုတာကတော့ နေပြည်တော်မှာ ရုံးပိတ်ရက်တွေမှာ အမြဲတမ်း လူစည်ကားနေတဲ့ နေရာတခုပါ။ ပျဉ်းမနားမြို့ကနေ ရန်ကုန်-မန္တလေး လမ်းဟောင်း (တပ်ကုန်းဘက်) ကို ထွက်တဲ့လမ်းမပေါ်မှာ ညာဘက်ခြမ်းက လှေခွင်းတောင် ဘုရားသို့ဆိုတဲ့ ဆိုင်းဘုတ်ရှိရာကို ချိုးကွေ့ဝင်ပြီး ၄ မိုင် ၄ ဖာလုံ ကားမောင်းရင် ပေါင်းလောင်း မြစ်ကမ်းဘေးက လှေခွင်းတောင်နေရာကို ရောက်ပါပြီ။ လှေခွင်း တောင်ပေါ် မှာတော့ ဘုရားတည်ထားတာ ရှိပြီး တောင်ခြေက ပေါင်းလောင်းမြစ်ကမ်း ကတော့ အလွန်သာယာတဲ့ နေရာတခု ဖြစ်ပါတယ်။ ပေါင်းလောင်းဆည်ကနေ စီးဆင်းလာတဲ့ ရေတွေက ကြည်လင် အေးမြနေပြီး ရေကူးလို့ ရတဲ့ နေရာလေးတွေ ရှိပါတယ်။
မြစ်ကမ်းတလျှောက် စားသောက်ဆိုင် လေးတွေရှိပြီး ဆိုင်လေးတွေဘေးကနေ မြစ်ရေ ဆင်းကူးလို့ရသလို၊ လှေစီးတာမျိုးလည်း ရပါတယ်။ သာယာတဲ့နေ့တွေ ဆိုရင် တောင်တွေတိမ်တွေနဲ့ လေကောင်းလေသန့်ရလို့ မြို့ပြနဲ့ ဝေးဝေး နေချင်သူတွေအတွက် သာယာတဲ့နေရာလေးပါ။
(၂) ဖိုးစောင်းတောင်နှင့် Mount Pleasant Hotel
နေပြည်တော်ရဲ့ အမြင့်ဆုံး တောင်တန်းနေရာဖြစ်တဲ့ ဖိုးစောင်းတောင်တန်း ကတော့ အရှည်ကြီးပါ။ ဒီ ဖိုးစောင်း တောင်ပေါ်ကိုတော့ ဥတ္တရမြို့နယ်ထဲကနေ သွားရပါမယ်။ ဒီတောင်တန်းရှည်ကြီးပေါ်က အမြင့်ဆုံးနေရာမှာ မောင့်ပလဲဆန့် ဟိုတယ် တည်ရှိနေပြီး အဲဒီနေရာကနေ မျှော်ကြည့်လိုက်ရင် နေပြည်တော်ကို အပေါ်စီး ကနေ မြင်ရပြီး အေးစက်နေတဲ့ လေအေးတွေကြောင့် အသက်၀၀ ရှူနိင်တဲ့အပြင် မြင်ကွင်းကိုလည်း အလှဆုံး မြင်နိုင်ပါလိမ့်မယ်။
ကော်ဖီတခွက်နဲ့ စာအေးအေး ဖတ်ချင်ရင်တော့ ဒီနေရာလေးမှာ ဟိုတယ် စားသောက်ဆိုင်ရှိပြီး ရေကူးကန်လည်း ရှိတာကြောင့် အနားယူချင်တယ်ဆို သွားလည်ပတ်လို့ ရပါတယ်။
(၃) ငလိုက်ဆည်ကမ်းခြေစခန်းနှင့် ငလိုက်ဆင်စခန်း
နေပြည်တော်ကနေ ပျဉ်းမနား-တောင်ညို လမ်းမအတိုင်း ၁၆ မိုင်လောက် သွားရင်ပဲဖြစ်ဖြစ်၊ အမြန်လမ်း မိုင် ၂၂၀ ကနေပဲ ဝင်ဝင်၊ သွားလည်လို့ ကောင်းတဲ့နေရာက ဒီငလိုက်ဆည် စခန်းပါ။ Eco-Resort ပုံစံ ဖြစ်တာကြောင့် ငလိုက်ဆည်ကြီး ပေါ်ကနေ လှပတဲ့ရှုခင်းတွေ၊ စိတ်ချမ်းသာစရာ မြေယာရှုခင်း အပြင်အဆင်တွေ၊ ဘန်ဂလိုစတိုင် အခန်းလေးတွေနဲ့ ရီဆော့အပြင် ဆင်စခန်းလည်းရှိတာကြောင့် လည်ပတ်သူတွေအတွက် ပျော်စရာဖြစ်မှာပါ
(၄) အဝေရာဆည် (ပေါင်းလောင်းဆည်)
ဒီအဝေရာဆည် ဆိုတာကတော့ ပေါင်းလောင်းဆည်ကိုပဲ နာမည်တမျိုးနဲ့ ခေါ်တာပါ။ ခုနက လှေခွင်းတောင် ဘက်ကနေ ဆင်းသွားပြီး မြစ်တောက်လျှောက် အောက်ဘက်မှာ ဆည်တမံကြီး လုပ်ထားတာကြောင့် ဆည်ရေကို အနီးအနားက လယ်ကွင်းတွေက ရယူပြီး စိုက်ပျိုးကြပါတယ်။
ဒီဆည် ရေတံခါးဖွင့်တဲ့အချိန်ဆို ဆည်အတွင်းမှာ ရေများပေမယ့် ဆည်ရေနည်းတဲ့ အချိန်ဆိုရင် ရေစပ်စပ်နဲ့ အင်မတန်လှတဲ့ ကျောက်တုံး ကျောက်ဆွယ်တွေနဲ့ သာယာတာရယ်၊ ဆည်ကြီးရဲ့ တည်ဆောက်ထားပုံ အလှအပတွေ ရယ်ကြောင့် အေးအေးဆေးဆေး တွေးငေးချင်သူတွေ အတွက် နေရာကောင်းပါ။
ဆည်ဘေးနားမှာ စားသောက်ဆိုင်တွေ ဘာတွေ နည်းတာကြောင့် သွားလည်မယ် ဆိုရင်တော့ ကိုယ့်ဟာကိုယ် စီစဉ်သွားတာ ကောင်းပါတယ်။ ဒီဆည်ကို သွားဖို့အတွက် လမ်းညွှန်ကတော့ ပျဉ်းမနားမြို့ကနေ မြို့ရှောင်လမ်းကိုသွား၊ အဲဒီကနေ ဘယ်ဘက်ခြမ်းမှာ ပျဉ်းမနား သကြားစက်ကို သွားတဲ့လမ်းကနေ တည့်တည့် သွားရင် နာရီဝက် ကျော်လောက် ကားမောင်းပြီးတဲ့အခါ ဆည်ရှိတဲ့ တောင်တန်းကြီးတွေ နားကနေ သွားရင် ရပါပြီ။
(၅) ပေါင်းလောင်း ၁၅ ထပ်ကွေ့(တိမ်ပင်လယ်) နှင့် လိန့်လီကြိုးတံတား
နေပြည်တော်ကနေ မနက် ၆ နာရီထွက်ပြီး ပေါင်းလောင်းမြို့လေးကို ၈ နာရီလောက်ဆိုရောက်ပါပြီ။ ပေါင်လောင်းမြို့လေးကိုမရောက်ခင်မှာ နာမည်ကြီး (၁၅) ထပ်ကွေ့ မှာ တိမ်ပင်လယ်ကြီးကို ကြည့်ပါမယ်။
လမ်းတလျှောက် လုံး တောင်တန်းတွေကြည့်ပဲ မြင်နေရတဲ့ အချိန်မှာ ဘွားခနဲ ရေပြင်အကျယ်ကြီးကို မြင်ရတယ့် feeling က လေ ပြောမပြတက်အောင်ပါပဲ ရေပြင်ကြီးပေါ်လာတာ ၂၀၁၂ လောက်ကမှ အထက်ပေါင်းလောင်းဆည်ကြီး လုပ်ပလိုက်လို့ ပေါ်လာတာပါ ယခင်က အဲ့ဒီနေရာက ဂုတ်တွင်းလိုမျိုးပဲ တောင်ကြီးတွေကြားထဲက လျှိုလေးတစ်ခုပါ ခုတော့ ရေပြင်ကြီးဖြစ်သွားရောပေါ့။
ပေါင်လောင်းမြို့ကလေးကိုရောက်ရင် လှေစီးပြီးတော့ နန့်မွန်ကြီးရေတံခွန်ကိုသွားပါမယ် စက်​လှေနဲ့ အသွား ၁ နာရီ၊ အပြန် ၁ နာရီ စီးရပါတယ်။ နန့်မွန်ကြီးမှာ လည်လို့ ပြီးသွားရင် လိန့်လီတံတားမှာ ဓာတ်ဖမ်းကြမယ်။
#သွားမယ်&တည်းမယ်

image