တစ်နာရီ ၁၆,၇၇၇ မိုင် အမြန်နှုန်းရှိတဲ့ ဒုံးပျံတွေကို တီထွင်နေတဲ့ အမေရိကန် နဲ့ ဗြိတိန်
================================================
Rocket Lab က အမေရိကန်နဲ့ ဗြိတိန်အတွက် အသံထက်မြန်တဲ့ ဒုံးပျံတွေကို တည်ဆောက်ပေးဖို့ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပါတယ်။
အမေရိကန် လေတပ်ရဲ့ ဒေါ်လာ ၄၆ ဘီလီယမ် EWAAC စာချုပ်နဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စတာလင်ပေါင် ၁ ဘီလီယမ် HTCDF Program အောက်မှာ Rocket Lab ဟာ အသံထက်မြန်တဲ့ ဒုံးပျံတွေကို တီထွင်မှာ ဖြစ်ပါတယ်။
Rocket Lab ဟာ အသံထက် ၂၂ ဆ (တစ်နာရီ ၁၆,၇၇၇ မိုင်)ပိုမြန်တဲ့ Electron ဒုံးပျံကို တည်ဆောက်ထားပါတယ်။ အခုဆိုရင် အဲဒီ ဒုံးပျံကို လက်တွေ့ကမ္ဘာမှာ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ စမ်းသပ်မှုအောင်မြင်ရင် အဲဒီ ဒုံးပျံဟာ အမေရိကန် နဲ့ ဗြိတိန် အတွက် အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Rocket Lab ဟာ ဒုံးပျံ စမ်းသပ်လွှတ်တင်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
