6 ရက် - ဘာသာပြန်ပါ။

robotaxi အငှားဝန်ဆောင်မှု အစမ်းပြေးဆွဲနေပြီဖြစ်တဲ့ Tesla
အီလွန်မတ်စ်အတွက် robotaxi တွေက Tesla ကို လုံးဝပြောင်းလဲပစ်မယ့် စီမံကိန်းပါ။
robotaxi လို့ ခေါ်တဲ့ စတီယာရင်မပါ ၊ ဘရိတ်ကလပ်မပါတဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်သုံး အငှားယာဉ်တွေက အနာဂါတ်လို့ အီလွန်မတ်စ်က ယုံကြည်ထားလို့ပါ။ အီလွန်မတ်စ် ပြောဖူးတာ ရှိပါတယ်။
"နောက်အနာဂါတ်မှာ လူအများစု ကားဝယ်တော့မှာ မဟုတ်ဘူး"တဲ့။
ဒါက Cybercab ဆိုပြီး ထွက်လာမယ့် သူ့ robotaxi တွေရဲ့ ရှေ့ရေးကို ဘယ်လောက်ယုံကြည်ထားသလဲ သိသာတဲ့ အချက်ပါ။ Cybercab က Model Y အလွန် Tesla ရဲ့ killer product ဖြစ်ဖို့ ရှိပါတယ်။ Cybercab ပြီးရင်တော့ Optimus စက်ရုပ်တွေ ဖြစ်မှာပါ။

image