7 d - Translate - Facebook

Hubble Space telescope ကြီး နှစ်ပေါင်း ၃၅ နှစ်ကြာ ရိုက်ယူရရှိခဲ့တဲ့ အာကာသထဲက စကြာဝဠာ ဓာတ်ပုံများ အပိုင်း (၂) ဖြစ်ပါတယ်။
Hubble Space Telescope ကြီးရိုက်ယူရရှိခဲ့တဲ့ များပြားလှတဲ့ ဓါတ်ပုံ သန်းချီထဲကမှ အများပြည်သူ လေ့လာချင်စရာကောင်းတဲ့ ဓာတ်ပုံများကို NASA အဖွဲ့အစည်းမှ ၂၀၀၅ ခုနှစ်ကတည်းက နှစ်စဉ်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
အပိုင်း ၁ ကိုတော့ မဖတ်ရူရသေးတဲ့သူများအနေနဲ့ အခုပေးထားတဲ့ Link မှာ သွားရောက်ဖတ်ရူလို့ရပါတယ်။
https://www.facebook.com/share/p/16U33vRERS/
ဒီလိုပုံတွေ အထဲက အပိုင်း ၁ မှာ တင်ထားခဲ့တဲ့ ပုံများလိုမျိုး စိတ်ဝင်စားစရာပုံအချို့ကို MASES စာဖတ်သူတွေနဲ့ အများပြည်သူတွေ လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

ပုံ၁
AG carinae လို့ အမည်ပေးထားတဲ့ ကြယ်စင် တစ်ခုရဲ့ပုံဖြစ်ပါတယ်။သူကတော့ ကမ္ဘာ့တည်ရှိတဲ့ Milky way galaxy ကြီးထဲမှာပဲတည်ရှိနေတဲ့ ကြယ်စင်တစ်လုံးဖြစ်ပါတယ် ထူးခြားတာက သူ့က LPV လို့ခေါ်တဲ့ Luminous blue variable အလင်းထုတ်လွှင့်မှု ပြောင်းလဲနေတဲ့ ကြယ်စင်တစ်လုံးဖြစ်ပါတယ်။ ကြယ်စင်ရဲ့ အတွင်းပိုင်းကလောင်စာလောင်ကျွမ်းမှုနဲ့ ကြယ်စင်ရဲ့ ဒြပ်ဆွဲအားတို့ အချိန်နှင့်အမျှ ယှဉ်ပြိုင်နေကြတာကြောင့် အခုလို အလင်းထုတ်လွှင့်မှုများဟာ တသတ်မှတ်ထဲမဟုတ်ပဲဖြစ်နေတာဖြစ်ပါတယ်။ ကမ္ဘာ့ နဲ့ အလင်းနှစ် ၂၀၀၀၀ ခန့်အကွာမှာသာတည်ရှိပေမယ့် သူနဲ့ ကမ္ဘာကြားမှာ ခံနေတဲ့ ဖုန်မှုန့်နဲ့ ဒြပ်ထုတွေကြောင့် ပုံမှန်မျက်စိနဲ့တော့မြင်ရမယ်မဟုတ်ပါဘူး။ Hubble space telescope လို အားကောင်းတဲ့ အဝေးကြည့်အာကာသမှန်ပြောင်းတွေနဲ့မှသာမြင်ရနိုင်ပါတယ်။

ပုံ၂
NASA ရဲ့ Hubble Space Telescope က အလွန်သေသပ်စွာ ဖမ်းယူထားတဲ့ ဓာတ်ပုံထဲမှာ NGC 5335 ဆိုတဲ့ ထူးခြားတဲ့ပုံစံရှိတဲ့ ဂလက်ဆီကို မျက်နှာပြင်အနီးအထိ Hubble ကနေ ကြည့်နိုင်ခဲ့ပါတယ်။

ဒီ ဂလက်ဆီဟာ “flocculent spiral galaxy” လို့ ခေါ်ကြတဲ့ အမျိုးအစားဖြစ်ပြီး spiral လက်မောင်းတွေ အတွင်းပိုင်းမှာ ကြယ်သစ်ဖွားနေတဲ့ အစိတ်အပိုင်းတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

ပုံမှန် spiral galaxy တွေမှာတွေ့ရတဲ့ ထင်ရှားပြီး သေသပ်စွာကွေ့ထွက်နေတဲ့ spiral လက်မောင်းများ ဟာ ရေဘဝဲလက်တံများသဖွယ် ဖြစ်နေတာကြောင့် ထူးခြားသည့်ပုံစံတစ်ခုဖြစ်ပါတယ်။

ထင်ရှားစွာ မြင်တွေ့ရတာကတော့ ဂယ်လက်ဆီရဲ့ အလယ်ဗဟိုကို ကန့်လန့်ဖြတ်ကာတည်ရှိတဲ့ bar structure တစ်ခုဖြစ်ပါတယ်။ ဒီ bar ဟာ ဓာတ်ငွေ့တွေကို ဂယ်လက်ဆီရဲ့အလယ်သို့ စုပ်ယူခေါ်ဆောင်ပေးနိုင်ပြီး အဲဒီဓာတ်ငွေ့တွေက ကြယ်အသစ်တွေဖွားဖို့ လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။

ဒီလို bar တွေဟာ ဂလက်ဆီတစ်ခုအတွင်းမှာ ဖြစ်ပေါ်လေ့ရှိကြပြီး နှစ် ၂ ဘီလျံခန့်အတွင်း မှာ ကွယ်ပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ကျွန်တော်တို့ရဲ့ Milky Way galaxy အပါအဝင် လေ့လာတွေ့ရှိထားတဲ့ ဂလက်ဆီစုစုပေါင်းထဲက ၃၀ ရာခိုင်နှုန်းခန့်မှာ ဒီလို bar ပုံစံရှိတဲ့ ဂလက်ဆီ တွေ ပါဝင်ပါတယ်။

ပုံ၃
အပြန်အလှန် နီးကပ်စွာတည်ရှိပြီး ဆွဲငင်နေကြတဲ့ Galaxy နှစ်ခုဖြစ်ကြတဲ့ NGC 4302 နဲ့ NGC 4298 ဂလက်ဆီများဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဖြစ်တည်နေမှု ပုံစံဟာ သင်္ချာဂဏန်း အက္ခရာ နံပါတ် ၁၀ ပုံစံဖြစ်နေပါတယ်။ကမ္ဘာ့့ နဲ့ အလင်းနှစ် ၅၅ သန်းအကွာမှာတည်ရှိနေတာကို Hubble space telescope ကြီးမှ တဆင့်ဖမ်းယူရိုက်ရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီ ဂလက်ဆီတွေကို Astronomer William Herschel ကအရင်ဆုံး ၁၇၈၄ ခုနှစ်မှာသာမန်မှန်ပြောင်းအသုံးပြုတွေ့ရှိခဲ့ပြီး Virgo Constellation ထဲမှာ တည်ရှိနေပါတယ်။Hubble ၂၇ နှစ်ပြည့်ပုံအဖြစ် ၂၀၁၇ ခုနှစ်က အများပြည်သူအတွက် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ပုံ၄
ARP 273 လို့နာမည်ပေးထားတဲ့ နှင်းဆီပန်းတစ်ပွင့်ပုံစံ ဟာ တကယ်တော့ နီးကပ်စွာ တည်ရှိနေတဲ့ Galaxy နှစ်ခု အပြန်အလှန် ဆွဲငင်နေရာက ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခူဖြစ်ပါတယ်။

ကမ္ဘာနဲ့ အလင်းနှစ် သန်း၃၀၀ ခန့်အကွာက Andromeda constellation ထဲမှာ ဒီ Galaxy နှစ်ခုဟာ တည်ရှိနေတာဖြစ်ပြီး ၁၉၆၆ ခုနှစ်ကတည်းက သူတို့နှစ်ခုတည်ရှိနေတာကို အတည်ပြုခဲ့နိုင်ပါတယ်။ ဒါကို Hubble telescope ကြီးအသုံးပြုလေ့လာခဲ့ရာကနေ အခုလို ပုံစံကို တွေ့ရှိရတာဖြစ်ပါတယ်။အပေါ်က နှင်းဆီ ပွင့်ချပ်နေရာက Galaxy နာမည်က UGC 1810 ဖြစ်ပြီးတော့ အောက်က နှင်းဆီရိုးတံသဖွယ် Galaxy ကUGC 1813 ဖြစ်ပါတယ်။ အောက်က Galaxy ရဲ့ Tidally သက်ရောက်မှုကြောင့်အခုလို နှင်းဆီပန်း ပုံစံသဖွယ်မြင်နေရတာဖြစ်ပါတယ်။ UGC 1813 ရဲ့ အလယ်ဗဟိုမှာ ကြယ်တာရာတွေကို မွေးထုတ်ပေးနေပါသေးတယ်။၂၀၁၁ ခုနှစ် က Hubble space telescope ကြီး ၂၁ နှစ်ပြည့်အတွက် ပုံထုတ်ပေးထားတာဖြစ်ပါတယ်။

ပုံ၅
အမျိုးသားအာကာသလေ့လာရေး အေဂျင်စီ NASA ကနေ ထုတ်လာပေးတဲ့ အခုနှစ်အတွက် Hubble space telescope ၃၅ နှစ်ပြည့်အတွက် ပုံဖြစ်ပါတယ်။

အလင်းနှစ် ၉နှစ်ခန့် အကွာအဝေး ရှိတဲ့ ဂတ်စ်ငွေ့နဲ့ဖုန်မှုန့်တွေဖွဲ့စည်းထားတဲ့ တိုင်လုံးပုံစံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ eagle nebula လို့လူသိများတဲ့ Messier 16 ရဲ့ အစိတ်အပိုင်းသေးသေးလေး တစ်ခုကို ရိုက်ယူထားတာပဲဖြစ်ပါတယ်။

ကြယ်တာရာ တစ်ခုမွေးဖွားပြီးတဲ့နောက်မှာ ထွက်ရှိလာတဲ့ အရာများထဲက သိမ်းငှက်တစ်ကောင်ရဲ့ အတောင်ပံများသဖွယ်ဖြစ်ပေါ်နေတဲ့ နက်ဗြူလာတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အခုလို လှပတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ နက်ဗြူလာများဟာ စကြာဝဠာ ရဲ့ နေရာအနှံမှာ တည်ရှိနေရင်းလူသားတွေကို သူတို့ကို လေ့လာကြဖို့ ဖိတ်ခေါ်နေကြပါတယ်။

image
image
image
image
image