7 ရက် - ဘာသာပြန်ပါ။

trend ဖြစ်နေတဲ့ AI Chibi Figure လေး စမ်းကြည့်မလား
တလောက AI Action Figure လေး trend ဖြစ်ခဲ့တယ်။ အခုတော့ AI Chibi Figure ဆိုပြီး ကိုယ့်ပုံကို AI နဲ့ ချစ်စရာ အရုပ်သေးသေးလေးလို ဖန်တီးနိုင်တဲ့ prompt လေး ရေပန်းစားနေပါတယ်။
Chibi ဆိုတာက ဂျပန်ကလာတဲ့ ကယ်ရီကေးရှားပုံအရုပ်လေးတွေပါ။ AI Chibi Figure ကလည်း ChatGPT နဲ့ပဲ ထုတ်တာ ဖြစ်ပြီး ကိုယ်လုံးပြည့်ပုံတစ်ပုံ ရှိရင် ဒီ trend မှာ အပျော် try လို့ ရပါတယ်။
အရင်ဆုံး ChatGPT ထဲသွားပြီး resolution ကောင်းတဲ့ ကိုယ်လုံးပြည့်ပုံတစ်ပုံကို upload ပေးလိုက်ပါ။ ပြီးရင် အောက်က prompt လေး ရိုက်လိုက်ပါ။
"Generate a portrait-oriented image of a realistic, full-glass gashapon capsule being held between two fingers.
Inside the capsule is a Chibi-style, full-figure miniature version of the person in the uploaded photo.
The Chibi figure should:
Closely resemble the person in the photo (face, hairstyle, etc.)
Wear the same outfit as seen in the uploaded photo
Be in a pose inspired by the chosen theme."
ChatGPT က Chibi figure လေး generate လုပ်နေပါလိမ့်မယ်။ ဆာဗာအလုပ်များနေလို့ အချိန်တော့ တော်တော်စောင့်ရပါလိမ့်မယ်။ ပုံထွက်လာပြီးရင်လည်း ကိုယ်ကြိုက်တာလေးတွေ ထပ်ပြင်လို့ ရပါတယ်။ try ကြည့်ပါဦး။

image