7 d - Translate

Conor McGregor က Featherweight ၊ Lightweight နဲ့ Welterweight တန်းတွေမှာ ကစားဖူးတယ်။ ၂၀၁၅ ခုနှစ်မှာ Conor McGregor ဟာ Featherweight (၁၄၅ ပေါင်) တန်းမှာ ထိုးနေပေမယ့် ပုံမှန်ခန္ဓာကိုယ်က (၁၆၅) ပေါင်လောက်ရှိပါတယ်။ အဲဒီတော့ Rafael dos Anjos ပွဲအတွက် Lightweight (၁၅၅ ပေါင်) ဖြစ်အောင် ဝိတ်ချနေရတယ်။ ဒါပေမယ့် Rafael dos Anjos ရဲ့ ဒဏ်ရာပြဿနာကြောင့် ပွဲပျက်သွားတယ်။ (၁၁) ရက်အတွင်းမှာ Welterweight (၁၇၀ ပေါင်) တန်းကို တက်ပြီး Nate Diaz နဲ့ ချလိုက်ရတယ်။ ဝိတ်ချနေတုန်းမှာ ရုတ်တရက် ဝိတ်တင်လိုက်ရတာပါ။ တအားပင်ပန်းပါတယ်။ တော်ရုံလူဆို မလုပ်ရဲဘူး။
Jose Aldo နဲ့ မထိုးခင်မှာ ဝိတ်ချထားတဲ့ အနေအထားနဲ့ ထိုးသတ်ပြီးအချိန်မှာ ဝိတ်တင်လိုက်တဲ့ ပုံစံကို ယှဉ်ပြထားတာပါ။ တရားဝင်ဝိတ်ချိန်တဲ့ အခမ်းအနားမှာ (၁၄၅) ပေါင်အတိ ဖြစ်ပေမယ့် ထိုးတဲ့အချိန်မှာ (၁၆၅) ပေါင်နီးပါး ဖြစ်သွားပါတယ်။ ခန္ဓာကိုယ်က ပူဖောင်းလို ပိန်လိုက်ဖောင်းလိုက်ပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

image