7 ရက် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးအချိန် နောက်ကျအနိုင်ဂိုးရလို့ ဂွါဒီယိုလာ အောင်ပွဲခံနေတာပါ။ နည်းပြဘ၀မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ သူ့အတွက် ရည်မှန်းချက်တခုမဟုတ်သလိုမျိုး ရှိနေခဲ့တဲ့ ဂွါဒီယိုလာက ဒီရာသီမှာတော့ ဒါကိုပဲ အမြင့်ဆုံးအောင်မြင်မှုအဖြစ်နဲ့ သတ်မှတ်ရဖို့ ရှိနေတာပါ။
ဖောရက်စ်၊ ချယ်လ်ဆီး၊ ကာဆယ်၊ ဗီလာတို့နဲ့ အပြိုင်လုနေရတာဖြစ်ပြီး အနိုင်ဂိုးရသွားချိန်မှာ အားပါးတရကို အောင်ပွဲခံသွားခဲ့တာလည်းဖြစ်ပါတယ်။ ဂွါဒီယိုလာလို နည်းပြလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းတာကို အောင်ပွဲခံရတဲ့အဖြစ် ကြုံတွေ့ဖူးသွားခဲ့ပါပြီ။
ပုံမှန်ဆိုရင် သူ့အတွက် ဒါမျိုးက ထမင်းစားရေသောက်ပါပဲ။ ဘာမှမဟုတ်တဲ့အရာပါ။ ဒါပေမယ့် ဒီရာသီ‌ မန်စီးတီးတို့ ခြေစွမ်းသိသိသာသာကျဆင်းခဲ့ပြီး ရလဒ်တွေဆိုးခဲ့တဲ့နောက် ဖလားလက်မဲ့ရာသီကိုပါ ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကျေနပ်ရတော့မှာပါ။

image