7 ရက် - ဘာသာပြန်ပါ။

၁၉၉၇ တုန်းက ယူနိုက်တက်အတွက် ကျနော်ကစားပေးနေတဲ့အချိန်ပေါ့။ ပွဲတပွဲမှာ ဟာလန်းဆိုတဲ့ ငတိနဲ့ ဆုံခဲ့ရပြီး ကျနော့်ကို သူ ဖျက်ထုတ်ခဲ့တာ တော်တော်လေးဆိုးတယ်။ ACL ဒဏ်ရာပါရပြီး ကျနော် ၆ လလောက် အနားယူခဲ့ရတာပါ။ ဒါပေမယ့် ဒီလိုဖျက်ထုတ်တာမျိုးကို ကျနော် ဒေါသမထွက်ပါဘူး။ လဲကျနေတဲ့ ကျနော့်နား သူရောက်လာပြီး ဟန်ဆောင်မနေဘဲ ထလိုက်တော့လို့ ပြောခဲ့တာကို ဒေါသထွက်ခဲ့တာပါ။
ဒါပေမယ့် ကျနော်ဘာမှမပြောခဲ့ဘူး။ ငြိမ်နေခဲ့တယ်။ ၂၀၀၁ မှာ ကျနော့်အတွက် တနေ့လုံးရယ်ရမယ့်နေ့တနေ့ရောက်လာခဲ့တယ်။ သူနဲ့ ပြန်ဆုံတွေခဲ့ပြီး ပွဲချိန်အတွင်းမှာ သူ့ဘေးနား ကျနော်ရောက်သွားပြီး သူလုပ်ခဲ့သလိုမျိုးပဲ သူ့ဒူးကို ကျနော် ပိတ်ကန်ပေးလိုက်တယ်။ သူ ကာလရှည်နားလိုက်ရတယ်။ သူ့နားကို သွားပြီး ဟန်ဆောင်မနေနဲ့ ထလိုက်စမ်းပါကွာလို့ ပြန်ပြောခဲ့လိုက်တယ်။
ကျနော့်ကစားသမားဘ၀မှာ နောင်တရစရာတွေ အများကြီးပါ။ ဒါပေမယ့် ဒီလုပ်ရပ်အတွက်တော့ လုံး၀နောင်တမရခဲ့ဘူး။ ဒီဇာတ်လမ်းကို စခဲ့တာက သူ ဖြစ်နေခဲ့တာပါ။
- ရွိုင်ကိန်း

image