ဆာလီဘာရဲ့ အမှားကနေ မာတေးတား ဘောလုံးရသွားပြီးတော့ ကန်သွင်းလိုက်တာကို ရာယာတယောက် ဘာမှမတတ်နိုင်တော့ဘူး ဖြစ်သွားတာပါ။ လိုက်မမီမှန်းသိတဲ့နောက် ဘောလုံးသွားရာနောက်ကိုပဲ လိုက်ကြည့်လိုက်ရပါတယ်။
မာတေးတား ကန်သွင်းတာလည်း တော်တော်လေးကောင်းပါတယ်။ ရာယာက ရှေ့ထွက်နေပြီး နေရာယူပုံလည်း လွဲနေတာကို အခွင့်ကောင်းယူပြီး ကန်သွင်းလိုက်တာပါ။ ကန်ချက်ကတိကျခဲ့သလို ဆုံးဖြတ်ချက်ကလည်း မှန်ကန်ခဲ့ပါတယ်။
ဒါမျိုးအမှားသာ ပီအက်စ်ဂျီနဲ့ပွဲမှာ လုပ်မိရင် အာဆင်နယ်တို့ အကြီးကြီးနားကားမှာပါ။ ဒီလိုပွဲမျိုးမှာမို့ ကံကောင်းသွားပါတယ်။ ဆာလီဘာကလည်း သူ့အဆင့်အတန်းနဲ့ မဖြစ်သင့်တဲ့ အမှားကို လုပ်မိခဲ့တာပါ။ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် သူ့အနေအထားနဲ့ ပြန်နှိုင်းဆမယ်ဆိုရင် မဖြစ်သင့်တဲ့ အမှားမျိုးပါ။
