CapCut ကလုန်းဆိိုပြီး အမည်တပ်ခံရပြန်တဲ့ Meta ရဲ့ Edits
၁ လပိုင်းအစ TikTok ပိတ်တဲ့ကိစ္စတွေဖြစ်တုန်းက ဆက်စပ် App တွေပါပိတ်တော့ CaopCut ပါ ဘန်းခံထိတာ။ အဲ့အချိန် Meta ကနေ video editng app တစ်မျိုးဖြစ်တဲ့ Edits ဆိုတဲ့ App တစ်ခုကို ရုတ်တရက်ထမိတ်ဆက်ခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ Capcut ရဲ့ ပြိုင်ဘက်ရယ်လို့တောင် ဆိုခဲ့ကြတာ။ အခု CapCut Clone ဆိုပြီး ခေါ်နေကြပြီ။
သူ့နာမည်မှာပါသလို ဒီ App က Instagram ကနေ ထုတ်ထားတာလို့ ပြောရင်ပိုမှန်လိမ့်မယ်။ IG account ရှိရင် Sing in ဝင်ပြီး တန်းသုံးရုံပါပဲ။ လုပ်ဆောင်ပုံက CapCut နဲ့ အကုန်နီးပါးတူတယ်လို့ ဆိုထားကြတယ်။ Editing Tools တွေ တော်တော်စုံပြီး Ai နဲ့ပတ်သတ်တာတွေလည်း လုပ်လို့ရတယ်လို့ ဖော်ပြထားတယ်။
အခု အဲဒီ Edits ဆိုတဲ့ App ကို iOS မှာရော Android မှာရော Download လုပ်ပြီး သုံးလို့ရပြီလို့ဆိုတယ်။ စစမိတ်ဆက်တုန်းကတော့ မတ်လ 31 လို့ပြောခဲ့တာဆိုတော့ နည်းနည်းတော့ နောက်ကျသွားတယ်လို့ ဆိုရမှာပဲ။ ထားပါတော့။ ဒီ App ကို Edits, an Instagram app ဆိုပြီး ရိုက်ရှာလို့ရတယ်။ App Store , Play Store တွေမှာ အကုန်ရနေပြီ။
