တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စဉ်းစားနေ
(နိုင်ငံတကာ) ဧပြီ ၂၄
တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့်ပူးတွဲတည်ဆောက်ရန်စီစဉ်နေသည့် အပြည်ပြည်ဆိုင်ရာလသုတေသန စခန်း ကို လျှပ်စစ်ဓာတ်အားပေးနိုင်စေရေးအတွက် လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်လုံးကို တည် ဆောက်ရန် စဉ်းစားနေကြောင်း အရာရှိကြီးတစ်ဦး၏ ဧပြီလ ၂၃ ရက်တင်ပြချက်တစ်ခုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများကိုစေလွှတ်ပြီး လူနေထိုင် နိုင်သော အမြဲတမ်း အခြေစိုက်စခန်းတစ်ခုကို တည်ဆောက် ရန်ဆောင်ရွက်လျက်ရှိသည်။
မူလက လပေါ်တွင် လိုအပ်သော လျှပ်စစ်ဓာတ်အားများအတွက် အလွန်ကြီးမားသော ဆိုလာပြားများကို တပ်ဆင်အသုံးပြုသွားမည်ဟု တရုတ်နိုင်ငံက ရည်ရွယ်ထားသည်။ ထိုအချိန်က လပေါ်တွင်နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားပေးရန် ရုရှားအစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။
ယခုအခါ ရှန်ဟိုင်းမြို့တွင် လုပ်ဆောင်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများမှတာဝန်ရှိသူများတက် ရောက်သည့်အခမ်းအနားတစ်ခု၌ တရုတ်တာဝန်ရှိသူတစ်ဦး ဖြစ် သည့် ပိုင်ကျိုးယု က လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်သွားမည်ဟု အတည်ပြု ပြောခဲ့ ခြင်း ဖြစ်သည်။
အနာဂတ်တွင် အပြည်ပြည်ဆိုင်ရာ လသုတေသနစခန်း၌ လက်တွဲအလုပ်လုပ်ရန် နိုင်ငံပေါင်း ၅၀၊ သုတေသနအဖွဲ့ ၅၀၀ နှင့် ပြည်ပသုတေသီ ၅,၀၀၀ တို့ကို တရုတ်အစိုးရ က ဖိတ်ခေါ်သွားမည် ဖြစ်သည်ဟု BP သတင်းဌာနဖော်ပြချက်အရ သိရသည်။
