#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဈာပန ဧပြီ ၂၆ ရက်တွင် ကျင်းပမည်
ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ကျင်းပရန် ဗာတီကန်နန်းတော် ကာဒီနယ် ဘုန်းတော်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ရုတ်တရက်နှလုံးရပ်မှုနှင့်လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ဗာတီကန်စီးတီးမြို့တော် စိန့်ပီတာရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော်က ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ရုပ်ကလာပ်ကို ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ နောက်ဆုံးဂါရဝပြုနိုင်ရေးအတွက် စိန့်ပီတာဘုရားကျောင်းသို့ ဧပြီ ၂၃ ရက်တွင် ရွှေ့ပြောင်းပေးရန် ဗာတီကန်နန်းတော်တာဝန်ရှိသူများက စီစဉ်ထားသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်ယခင်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးများကဲ့သို့ ၎င်း၏ရုပ်ကလာပ်ကို စိန့်ပီတာဘုရားကျောင်း၌ မြှုပ်နှံသင်္ဂြိုဟ်ပေးရန် တောင်းဆိုထားခြင်းမရှိဘဲ ၎င်းသံယောဇဉ်ကြီးမားသော စိန့်မေရီမေဂျာ အမည်ရှိ ရောမခေတ်ဘုရားကျောင်းတစ်ကျောင်း၌ မြှုပ်နှံပေးရန် တောင်းဆိုထားသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဈာပနအခမ်းအနားသို့ အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှ ခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို ယခုနှစ်မေ ၆ ရက်မတိုင်မီ စတင်ကျင်းပနိုင်ရန် ဗာတီကန်နန်းတော်မှ ကာဒီနယ်ဘုန်းတော်ကြီးများက ရည်ရွယ်ထားသည်။
ရိုက်တာ
