1 ပတ် - ဘာသာပြန်ပါ။

ကင်မရာနဲ့တင် တန်မယ့် vivo ရဲ့ premium ဖုန်း
ဒီနှစ်အတွက် အကောင်းဆုံး vivo ဖုန်းလို့ ပြောရမယ့် vivo X200 Ultra တရုတ်မှာ မိတ်ဆက်သွားပါတယ်။
ဒီဖုန်းက Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဆိုတဲ့ Snapdragon 8 Elite chipset နဲ့ ကင်မရာအတွက် Image Signal Processor (ISP) နှစ်ခု သုံးလာတာပါ။ vivo X စီးရီးရဲ့ အမြင့်ဆုံးဆိုတဲ့ Ultra brand တပ် ဖုန်းဖြစ်လို့ သူ့ထက်ကောင်းတဲ့ vivo ဖုန်းတော့ ရှိမှာ မဟုတ်ပါဘူး။
flagship specs တွေ ဖောဖောသီသီ သုံးထားတဲ့ vivo X200 Ultr‌a ရဲ့ အသက်က ကင်မရာလို့ ပြောနိုင်ပါတယ်။ ဓါတ်ပုံနဲ့ ဗွီဒီယို quality ကောင်းဖို့ RAW တွေ pre-process လုပ်တဲ့ VS1 နဲ့ color correction လို post-processing တွေ လုပ်မယ့် V3+ ဆိုပြီး ISP chips သစ်နှစ်မျိုးနဲ့ လာပါတယ်။
ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်တပ် 50MP 1/1.28" Sony Sensor ၊ 1/1.4" နဲ့ 85mm နဲ့ ညီတဲ့ focal length သုံး 200MP Samsung ISOCELL HP9 sensor နဲ့ 50MP Sony LYT-818 ultrawide lens ကင်မရာသုံးလုံး ထည့်ထားပါတယ်။ selfie ကင်မရာလည်း 50MP နဲ့ပဲ လာတာပါ။
နောက်ကင်မရာအကုန်လုံး Dolby Vision ရတဲ့ 10-bit 4K video ကို 60fps နဲ့ ရိုက်ကူးနိုင်ပြီး slo-mo ရိုက်ချက်အတွက်ဆို 4K/120fps နဲ့ ရိုက်နိုင်ပါတယ်။ နောက်ဆုံးပေါ် iPhone တွေမှာ ပါတဲ့ Camear Control လိုမျိုး ကင်မရာ zoom ဆွဲနိုင် exposure ချိန်နိုင်မယ့် shutter ခလုတ်တစ်ခုလည်း ပါပါတယ်။
classic ကင်မရာဆန်ဆန် ဓါတ်ပုံ/ဗွီဒီယိုတွေကို creative ကျကျ ရိုက်ချင်သူတွေအတွက်လည်း Photographer Kit သပ်သပ် ထုတ်ထားတာ ရှိပါတယ်။ ဒီ kits မှာလည်း video record ခလုတ်သီးသန့် ပါပြီး ကင်မရာ function တွေကို customize လုပ်နိုင်မယ့် setting ခလုတ် နဲ့ အပိုဘက်ထရီ 2300 mAh လည်း ပါပါတယ်။
vivo X200 Ultra က flagship ဖုန်းဖြစ်လို့ ကင်မရာတင်မဟုတ်ဘဲ တခြား features တွေလည်း အဆင့်မြင့်တာပါပဲ။ ၆.၈၂ လက်မ LTPO AMOLED QHD+ display ၊ 4500 nits brightness ၊ 120Hz refresh rate ၊ LPDDR5x Ultra RAM ၊ UFS 4.1 storage စနစ်တွေအပြင် 90W wired နဲ့ 40W wireless charging ပါ 6000mAH ဘက်ထရီတွေ သုံးထားပါတယ်။
အနီ ၊ အနက် နဲ့ အဖြူ သုံးရောင်နဲ့ လာပြီး 12/256GB ဗားရှင်းကို ၆၄၉၉ ယွမ် (ဒေါ်လာ ၉၀၀) က စရောင်းပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးပါတဲ့ 16GB / 1TB ဗားရှင်းကိုတော့ ၇၉၉၉ ယွမ် (ဒေါ်လာ ၁၁၀၀) ဈေးနဲ့ ရောင်းချသွားမှာပါ။
Photography Set ထပ်ဝယ်ဆို ၂၅၉၈ ယွမ် ထပ်ကျမှာပါ။ 1TB ဗားရှင်းနဲ့ တွဲလျက်ဆို နှစ်မျိုးပေါင်း ၉၆၉၉ ယွမ် (ဒေါ်လာ ၁၃၅၀) ဈေး သတ်မှတ်ထားပြီး တရုတ်ဈေးကွက်အပြင် ဖြန့်မယ့်ရက်တော့ မသိရသေးပါဘူး။

image