1 ပတ် - ဘာသာပြန်ပါ။

စစ်ပွဲကာလအတွင်း Ruth Hensinger အမည်ရအမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ရည်းစားအသက်ကိုကယ်တင်ပေးခဲ့တဲ့လေထီးကို မင်္ဂလာဝတ်စုံအဖြစ်ချုပ်ကာ သူမရဲ့မင်္ဂလာဆောင်မှာ ဝတ်ဆင်ခဲ့ပါတယ် ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်မှူး Claude Hensinger ရဲ့ လေယာဉ်ဟာ အာရှတိုက် အပေါ်မှ ပျံသန်းနေစဉ် အင်ဂျင်ပြဿနာကြုံတွေ့ခဲ့ရပါတယ်
သူ နဲ့ အဖွဲ့ဟာ လေထီး နဲ့ ခုန်ချပြီး လူသူကင်းမဲ့တဲ့နေရာမှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ် အဲ့ဒီလေထီးဟာ သူ့အသက်ကိုကယ်တင်ခဲ့ရုံသာမက အကူအညီမရောက်မီ ညအချိန်မှာ အနွေးဓာတ်ရစေကာ အကာအကွယ်ဖြစ်စေခဲ့ပါတယ်
စစ်ပြီးနောက် Claude ဟာ Pennsylvania ရှိ သူ့အိမ်သို့ပြန်လာခဲ့ပြီး သူ့ရဲ့ ရည်းစားဖြစ်သူ Ruth ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းတဲ့အခါ သူဟာ လက်စွပ်အစား သူ့အသက်ကို ကယ်ပေးခဲ့တဲ့ လေထီးကိုပေးကာ မင်္ဂလာဝတ်စုံအဖြစ် ပြုလုပ်ဝတ်ဆင်ပေးရန် တောင်းဆိုခဲ့ပါတယ်
Ruth ဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားမှ အကြံဉာဏ်ရယူကာ ဝတ်စုံကိုကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ဒေသခံအလုပ်သမားတစ်ဦးနဲ့အတူတကွချုပ်ခဲ့ပါတယ်
Claude နဲ့ Ruth တို့နှစ်ဦးဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ် အဲ့ဒီထူးခြားတဲ့ မင်္ဂလာဝတ်စုံကို နောက်ပိုင်းမှာ Ruth ရဲ့ သမီး နဲ့ ချွေးမတို့က ခေတ်အဆက်ဆက်ဝတ်ဆင်ခဲ့ပြီး ယခုအခါ အမေရိကန်သမိုင်းရဲ့တန်ဖိုးရှိတဲ့ အရာတစ်ခုအဖြစ် Smithsonian ပြတိုက်မှာ ထိန်းသိမ်းထားလျက်ရှိပါတယ်
#knowledge #ဗဟုသုတ

image