JWST telescope ကြီးဆီက နောက်ဆုံးရရှိလာတဲ့ လေ့လာစရာအချက်အလက်ကတော့ NGC 1514 လို့နာမည်ပေးထားတဲ့ Nebula (နစ်ဗျူလာ )တစ်ခုအတွင်းထဲက သေဆုံးခါနီးကြယ်စင်ဆီက ထွက်ရှိလာတဲ့ ဓာတ်ငွေ့များနဲ့ ဖုန်မှုန့်များကို MID infrared camera နဲ့ရိုက်ယူထားခဲ့နိုင်တာပဲ ဖြစ်ပါတယ်။
ကြယ်စင်တွေသေဆုံးခါနီးမှာ ကြယ်တာရာများရဲ့ အပြင်အလွှာဟာ ကြယ်စင်စုရဲ့ အဝေးကိုခွာထုတ်ခံရပြီး အခုမြင်တွေ့နေရတဲ့ ပုံထဲက ကွင်းဆက်သဏ္ဏာန်များဟာ အဆိုပါခွာထုတ်မှုက ဖြစ်လာတဲ့ ဖုန်မှုန့်များနဲ့ ဓာတ်ငွေ့များကို မြင်တွေ့နေရတာဖြစ်ပါတယ်။
ပုံမှန် ကြယ်စင်တစ်လုံးကြောင့်ဖြစ်လာတဲ့ Nebula မှာ ဒီလို ခွာချမှုဟာ စက်ဝိုင်းသဏ္ဏာန်ရှိမှာဖြစ်ပေမယ့် အခု NGC 1514 Nebula ဟာ သူတို့နဲ့မတူရတာက သေဆုံးသွားတဲ့ ကြယ်စင်အနားမှာ နောက်ထပ် အသက်ဝင်နေဆဲ Main sequence ကြယ်စင်တစ်လုံး ထပ်ရှိနေတာကြောင့် ဖြစ်ပါတယ်။
Jame Webb telescope ကြီးဆီကနေရရှိတဲ့လေ့လာတွေ့ရှိချက်များအရ အဆိုပါ NGC 1514 နက်ဗျူလာကြီးဟာ ၆၀° ခန့်တိမ်းစောင်းနေပြီးနှစ်ထပ်ကွင်းပုံစံများဟာ သဲနာရီတစ်ခုသဖွယ်ပုံဖြစ်ပေါ်နေပါတယ်။
သဲနာရီပုံစံရဲ့ အလယ်ဗဟိုမှာ အောက်ဆီဂျင်တည်ရှိနေကြောင်းကိုတွေ့ရှိရပြီး ထူးခြားချက်အနေနဲ့ ပုံမှန် planetary nebula မှာမြင်တွေရတဲ့ Carbon ကွန်ပေါင်းများကိုတော့ တွေ့ရခြင်းမရှိပါဘူး။
ဒီလိုဖြစ်ရတာဟာ ဘာကြောင့်ပါလဲ ?
အခု NGC 1514 နက်ဗြူလာခေါ်တဲ့ဓာတ်ငွေ့တိမ်တိုက်ကြီးကိုလေ့လာနေတာဟာ အခုမှမဟုတ်ပါဘူး။ ၁၇၉၀ ပြည့်နှစ်အစပိုင်းမှာလောက်ကတည်းက William herschel လိုနာမည်ကျော် Astronomer တွေက လေ့လာခဲ့ပြီး အဲ့တုန်းက အားကောင်းတဲ့ Telescope များမရှိသေးတာကြောင့် Nebula ကြီး အတွင်းပိုင်းက ကြယ်တွေကို သေချာ အမျိူးအမည်သေချာမခွဲခြားနိုင်ခဲ့ပါဘူး။အခုခေတ် Jame webb လိုမျိုး telescope တွေတည်ဆောက်လာနိုင်တာကြောင့် သေချာတဲ့ အချက်အလက်တွေရရှိလာတာဖြစ်ပါတယ်။
NGC 1514 နက်ဗြူလာကြီးဟာ ကမ္ဘာနဲ့ အလင်းနှစ် ၁၅၀၀ ခန့်ကွာဝေးတဲ့ Tarus constellation ထဲမှာ တည်ရှိနေတာလည်းဖြစ်ပါတယ်။
NGC1514 ရဲ့ အလယ်ဗဟိုမှာလည်း Binary star system လို့ခေါ်တဲ့ white dwarf ကြယ်ဖြူပု နဲ့ နောက်ထပ်ကြယ်တစ်လုံးကတည်ရှိနေပါတယ်။သေဆုံးခါနီး ကြယ်ဖြူပုဆီက ခွာချခံလိုက်ရတဲ့ ဓါတ်ငွေ့များနဲ့ ဖုန်မှုန့်များဟာ သူ့အနားမှာ ရှိနေတဲ့နောက်ထပ်ကြယ်ဆီက ionized အပူငွေ့များကြောင့် white dwarf ကြယ်ဖြူပုဆီက ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်များ ဟာ အခုလိုမျိုး လှပတဲ့ နှစ်ထပ်ကွင်း ပုံစံ ဓာတ်ငွေ့တိမ်တိုက်အဖြစ်တည်ရှိနေတာကို မြင်ရတာဖြစ်ပါတယ်။သူတို့အချင်းချင်း အပြန်အလှန် ကိုးနှစ်တစ်ခါ လည်ပတ်နေကြပါတယ်။
Binary system ရဲ့ အပြန်အလှန်သက်ရောက်နေတဲ့ gravitational wave များ၊ radiation လှိုင်းများကြောင့် NGC 1514 ဟာ လေ့လာချင်စရာကောင်းတဲ့ လှပတဲ့ နှစ်ထပ်ကွင်းများနဲ့ planetary nebula တစ်ခုအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။
အခုလို Jame Webb telescope ကနေရလာမယ့် နောက်ထပ် Data အချက်အလက်တွေကြောင့် Planetary nebula တွေ ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလည်းဆိုတဲ့ ကောင်းကင်ပြင်ကျယ်က မသိခြင်းပဟေဠိတွေကို အဖြေရှာဖို့ အကူအညီရရှိနေမှာပဲ ဖြစ်ပါတယ်။
