Detective Conan and fist of Blue sapphire the movie (2019)
တစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော တီထွင်ဖန်တီးကလိသောအလုပ်ကိုလုပ်နေခိုက် မောင်နန်နှင့်မိယွန်းတိုရောက်လာကြလေသည်။ မောင်နန်၏အမူအရာသည်တစ်စုံတစ်ခုကိုအလိုရှိနေသောအမူအရာဖြစ်နေ၍ ကျွန်ုပ်လည်းအဘယ်သိုသောအကြောင်းကြောင့်စိတ်နှလူံးအိမ်၌လိုချင်တပ်မက်မှုအာရုံထင်နေပေသနည်းဟုမေးမိလေရာ မောင်နန်လေးက သူ၏ချစ်သူ မိလွမ်းသည်စင်္ကာပူသိုအလည်ခရီးသွားသဖြင့် နောက်ကလိုက်ချင်နေကြောင်း၊ စင်္ကာပူသိူဝင်ရန်လိုအပ်သောစာရွက်စာတမ်းအင်ထုရန်အလိုငှာ ကျွန်ုပ်၏အကူအညီကိုလိုအပ်နေကြောင်းပြောပြအကူအညီတောင်းခံလေ၏။ ကျွန်ုပ်လည်း တတ်သည့်ပညာအလကားမရဆိုသည့်နှလုံးကိုမူလျက် မောင်နန်ဆီက ဖွတ်ကလိဒင်္ဂါးပြားတောင်မရနိုင်သည်ကိုသိ၍မကူညီနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေးအော်ငေါက်ဆဲဆို၍ပြောလိုက်ရာ မောင်နန်လေးသည် အင်မတန်အိန္ဒြေကြီးသောအမူအရာဖြင့် နှုတ်ခမ်းစူခြေဆောင့်ကာထွက်သွားလေသည်။ ဤသိုဖြင့်မောင်နန်လေးသည် ကျွန်ုပ်အပေါ်သဘောထားကြီးစွာဖြင့်စိတ်ကောက်နေပြီးအိမ်သိုပေါ်မလာပဲနေရာ သီတင်းအပတ်နှစ်ပတ်ခန့်ကြာမှဘလက်ဘိုင်လိုက်ပြီးပြန်ပေါ်လာ၏။ အဘယ်ကြောင့်ဤသိူဘလက်ဘိုင်လိုက်နေရသနည်းမေးကြည့်ရာ မောင်နန်လေးသည်စင်္ကာပူသိုတကယ်ရောက်သွားကြောင်း၊ အဖြစ်အပျက်များစွာလည်းဖြစ်ပျက်ခဲ့ကြောင်းကျွန်ုပ်အားကျကျနနရှင်းပြရှာလေသည်။ မောင်နန်လေး၏ရှင်းပြချက်များသည် စိတ်ကူးဖြင့်ပင်မကူးနိုင်လောက်သည့်ထူးဆန်းသောအဖြစ်အပျက်များပါနေလေရာ မောင်နန်လေးဖြီးဖြန်းနေခြင်းမဟုတ်၊ အမှန်အတိုင်းပြောနေပေသည်ဟုကျွန်ုပ်က ယုံကြည်မိသည့်အလျောက် ဤလျှိဝှက်အပ်သောကိစ္စကိုအများသူငှာလူစုံတုန်းသိစေရန်အလိုငှာ ရုပ်ရှင်အဖြစ် channel myanmarတွင် တင်ဆက်ပေးလိုက်ပါသည်။ မောင်နန်လေး၏ ပြောပြချက်များအတိုင်းတင်ပြပါမူ ရှုတ်ထွေးနေမည်စိုး၍အများသူငှာနားလည်စိမ့်ငှာစကားလုံးအသူံအနှုန်းများကိုရိုးရိုးရှင်းရှင်းပေါက်ကရတွေဘာသာပြန်ထားပါသည်။ အောက်တွင်ဖော်ပြထားသော linkမှာဒေါင်းယူပြီးကြည့်တော်မူကြပါကုန်။
ဇာတ်ကားလင့်
https://t.me/c/2186686827/250
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
