သမီးလေးကာရန်ရဲ့ အသက် ၁ လပြည့်မွေးနေ့ကို ရွှေတိဂုံဘုရားမှာ ရေသပ္ပာယ်ပေးခဲ့တဲ့ နီနီခင်ဇော်🥰🥰🥰
သူမတို့ ဇနီးမောင်နှံက မတ်လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သမီးလေးကာရန်ရဲ့ အသက် ၁ လပြည့်မွေးနေ့လေးမှာ ကောင်းမှုကုသိုလ်ပြုပေးခဲ့တာပါ။ ကာရန်လေးဟာ ဒီကနေ့ ဧပြီ ၂၄ ရက်နေ့မှာ အသက် ၁ လပြည့်သွားတဲ့ တနင်္လာသမီးလေးပဲဖြစ်ပါတယ်။ ဖေဖေနဲ့ မေမေက ရွှေတိဂုံဘုရားသို့သွားရောက်ပြီး တနင်္လာနံထောင့်မှာ ရေသပ္ပာယ်ပြီး ကုသိုလ်ယူပေးခဲ့တာပါ။
#crd
#celenews