မကြာမှီ AI နည်းပညာနှင့် ရောဂါအားလုံးကုသနိုင်တော့မည်ဟုဆို
***************
နိုင်ငံတကာ ဧပြီ ၂၄
AI နည်းပညာဖြင့် လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း ရောဂါအားလုံးကို ကုသနိုင်တော့မည်ဖြစ်ကြောင်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် DeepMine ကုမ္ပဏီ၏ အကြီးအကဲကဆိုသည်။

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရရှိထားသည့် DeepMine ကုမ္ပဏီ၏ အကြီးအကဲ ဒီမစ်ဟာဆာဗစ်က CBS ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဟာဆာဗစ်က ကမ္ဘာတွင် ဆေးဝါးများထုတ်လုပ်မည်ဆိုပါက အချိန် ၁၀ နှစ်ခန့် ကြာမြင့်ကာ ဒေါ်လာ ဘီလီယံပေါင်းများစွာကုန်ကျနိုင်ပြီး လာမည့်နှစ်များအတွင်း AI နည်းပညာဖြင့် ဆေးဝါးထုတ်လုပ်သည့် ကြာချိန်များလျှော့နိုင်တော့မည့်အပြင် ကုန်ကျစရိတ်လည်း များစွာသက်သာနိုင်ကြောင်းဆိုသည်။

AI နည်းပညာသည် လာမည့်နှစ်များအတွင်း သိပ္ပံပညာဆိုင်ရာ စမ်းသတ်ချက်များ အချက်အလက် မှန် မမှန်ကို စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ဟာဆာဗစ်က ထပ်လောင်းပြောကြားခဲ့သည်။

image