အိမ်ကို ပထမဆုံးပြန်ရောက်လာခဲ့တဲ့နေ့က ဖေဖေ့ ပုံကို အမှတ်တရပန်းချီဆွဲခဲ့တဲ့ သမီးကြီး ဇေဝတီလှိုင် 🥰
ဇေသီဟနဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့ရဲ့ သမီးကြီးလေး ဇေဝတီလှိုင်က အမှတ်တရ ပန်းချီဆွဲခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်မြောက်ပြီး အိမ်ကိုပြန်ရောက်လာချိန် မိခင်ဖြစ်သူနန္ဒာလှိုင်နဲ့အတူ တွဲရိုက်ခဲ့တဲ့ ဖေဖေ့ရဲ့ ပုံလေးကို ဆွဲခဲ့တာပါ။ နန္ဒာလှိုင်ဟာ သမီး ၃ ယောက်မွေးဖွားထားပြီး ၃ ဦးလုံးဟာ ပန်းချီပညာရပ်ကို စိတ်ဝင်စားကြတဲ့ သမီးလေးတွေဖြစ်တယ်ဆိုတာ သူတို့ဆွဲထားတဲ့ ပန်းချီကားလေးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
